Part 22 🚨

786 65 5
                                    

Unicode

တင် တင် တင် တင် တင် တင်

အဆက်မပြတ်ထွက်ပေါ်လာတဲ့ တံခါးဘဲလ်သံကြောင့် ရှောင်းကျန့်ကိုယ်လေး ဆတ်ခနဲ တုန်သွားရသည်။
ရိပေါ်လာမယ်ပြောထားလို့ သူဆေးရုံတောင်မသွားသေးဘဲ ထိုင်စောင့်နေခဲ့တာဖြစ်တယ်။
ဘယ်လိုအကြောင်းကြောင့်များ ရိပေါ်က
ဒီလိုအလျင်စလိုဖြစ်နေရတာပါလိမ့်။

ရှောင်းကျန့် တံခါးဖွင့်လိုက်တယ်။

"ရိပေါ်!"

တံခါးရှေ့မှာတော့ ရိပေါ်ဟာ ချွေးတွေရွှဲနေတဲ့မျက်နှာနဲ့သူ့ကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
အသက်ရှူသံတွေကလဲ အရမ်းမြန်နေပြီး
နှုတ်ခမ်းတွေကလဲ ဖြူဖြော့လို့နေတယ်။
ရှောင်းကျန့် ရိပေါ်ရဲ့ပုံစံကိုကြည့်ပြီး စိုးရိမ်တကြီး အနားဆွဲခေါ်လိုက်တယ်။

ရိပေါ်ရဲ့ အသားတွေကလဲ ပူခြစ်နေတာပဲ။

ရိပေါ်က စမြင်ထဲကသူ့ကိုရီဝေဝေ စိုက်ကြည့်နေခဲ့တာဖြစ်တယ်။
တချက်လေးတောင် အကြည့်မလွှဲသွားဘူး။

ရှောင်းကျန့် ရိပေါ်ကိုအိမ်ထဲခေါ်သွင်းလိုက်တယ်။

"ရိပေါ် ဘာဖြစ် အာ့"

ရုတ်တရက်ဆန်လွန်းစွာ ရိပေါ်ကသူ့ကို နံရံမှာကပ်လိုက်တာမို့ ရှောင်းကျန့်ကျောက
အောင့်ခနဲပါပဲ။

ရိပေါ်က သူ့မျက်နှာကိုချုပ်ကိုင်လို့ အလျင်စလိုအကြမ်းပတမ်းနမ်းလာခဲ့တယ်။

အနမ်းတွေက အစီအစဉ်မကျဘဲ ကြမ်းလွန်းလို့ နှစ်ယောက်သား နှုတ်ခမ်းတွေကိုက်မိတဲ့အထိပါပဲ။
ရှောင်းကျန့်ရဲ့ လည်ပင်းတဝိုက်မှာ ရိပေါ်မှုတ်ထုတ်လိုက်တဲ့ လေပူတွေခံစားနေရတယ်။

ဒီကလေးဘာတွေဖြစ်လာတာပါလိမ့်။

အမေးစကားပြောဖို့ အချိန်မရှိအောင်ကို
ရိပေါ်က သူ့ကိုနားချိန်မပေးဘဲ ဆက်တိုက်နမ်းနေခဲ့တာ။
ရှောင်းကျန့် အသက်လုံးဝရှုလို့မရတော့တဲ့အချိန်မှ ရင်ဘတ်ကိုအတင်းထုရိုက်ရတော့တယ်။

"ရိပေါ် ဟာ့ ဘာဖြစ်"

"ကိုကို ကိုကို ကူပါဦး"

Dear my all,Where stories live. Discover now