Part 9

497 50 10
                                    

Unicode

ရိပေါ်က သူ့ကိုနံရံမှာထပ်ပြီးဆွဲကပ်ထားခဲ့တယ်။
အရှိန်နဲ့မို့ ရှောင်းကျန့်ကျောက အောင့်ခနဲပဲ။

"အာ့ ရိပေါ်"

ရိပေါ်က သူ့မျက်နှာကိုလက်တဖက်နဲ့ ထပ်ညှစ်ကိုင်လာပြီး အတင်းမော့စေတယ်။
ရှောင်းကျန့် ရုန်းလေ ပိုအားသုံးလေဖြစ်ပြီး
အနားကိုလဲ ပိုမိုတိုးကပ်လာတယ်။

"ရိပေါ် မင်းဘာလုပ် ဟင့်"

ရိပေါ်က သူ့မျက်နှာကို ခုနကကမ်းပေးတဲ့ လက်ကိုင်ပုဝါနဲ့ အတင်းဖိသုတ်တယ်။
သူမျက်နှာသစ်ထားတုန်းက ကျန်နေခဲ့တဲ့
ရေစက်တွေကိုပေါ့။
ညင်ညင်သာသာမဟုတ်ဘဲ အားနဲ့ဖိသုတ်နေတာမို့ရှောင်းကျန့်ရဲ့မျက်နှာဟာ ခနအတွင်း
နီရဲတက်လာသလို မျက်ရည်စတွေလဲ
ထွက်နေခဲ့ပြီ။

"ဟင့် နာတယ် နာတယ်ရိပေါ် "

ရိပေါ်က ချက်ချင်းပဲသူ့ကိုချုပ်ထားရာမှ
ဆောင့်တွန်းလွှတ်ပစ်တယ်။
ရှောင်းကျန့် အံ့သြတကြီးမော့ကြည့်မိတော့
ခုနကသူ့မျက်နှာကိုသုတ်ပေးထားတဲ့
လက်ကိုင်ပုဝါကို ရိပေါ်ကကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ခြေထောက်နဲ့တက်နင်းခဲ့တယ်။
သူ့ကို သေချာစိုက်ကြည့်နေရင်း။

ပြီးတာနဲ့ ဖိနပ်အောက်မှာချနင်းထားတဲ့လက်ကိုင်ပဝါကို ခြေထောက်နဲ့ခပ်ဝေးဝေး
ကန်ထုတ်ပစ်လိုက်တော့တယ်။
ရှောင်းကျန့်မှာ ဘာမှမပြောနိုင်အောင်ပင်
ဆွံ့အနေခဲ့မိပြီ။
ရိပေါ်က သူ့အပေါ်အဲ့လောက်တောင် ခါးသီးမုန်းနေခဲ့တာလား။

ဝမ်းနည်းမှုကြောင့်စိုစွတ်နေတဲ့ သူ့မျက်လုံးတွေကို ရိပေါ်ကသေချာစိုက်ကြည့်လို့ ပြောလာခဲ့တယ်။

"ဒီမှာရှောင်းကျန့် ခင်များသိထားဖို့က
ငါ့ကိုဟိုလိုလုပ် ဒီလိုလုပ်ဆိုပြီးဘယ်တော့မှ
အမိန့်လာမပေးနဲ့!"

"နားလည်လား!!"

ရုတ်တရက်ထအော်လိုက်တာမို့ ရှောင်းကျန့်
ဆတ်ခနဲ တုန်တက်သွားတယ်။

"တောက်!!!"

ကျယ်လောင်တဲ့ တောက်ခေါက်သံတစ်ချက်နဲ့အတူ ရိပေါ်ဟာ သန့်စင်ခန်းထဲက ထွက်သွားတော့တယ်။

Dear my all,Where stories live. Discover now