Unicode
လုချင်းအာ တစ်ယောက်အတော်လေးကို ထိတ်လန့်နေမိပြီ။
သူမ အကြံအစည်ကခုဆို အားလုံးတစစီဖြစ်သွားပြီမို့ ဝမ် ကသူမကို သေချာပေါက်မုန်းသွားတော့မှာပင်။
သူမ ခုချိန်မှာဘာလုပ်သင့်သလဲ။"ဟဲ့ ငြိမ်ငြိမ်နေစမ်းပါ ချင်းအာရယ်
မျက်စိကိုနောက်နေတာပဲ"သူမ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ ဂနာမငြိမ်တော့ ဆိုဖာပေါ်မှာ ချဲထိုင်တွက်နေတဲ့ မားက လှမ်းအော်လာတယ်။
လုချင်းအာ စိတ်ပျက်စွာ မားကိုလှမ်းကြည့်လိုက်တယ်။တနေ့တနေ့ ဒါတွေပဲလုပ်နေတာ သူမကိုပိုဒုက္ခတွေ ဖြစ်အောင်လုပ်နေသလိုပဲ။
သူမတို့ အခြေအနေကခုဆို ရှိတဲ့အိမ်တောင်
အကြွေးနဲ့သိမ်းခံရတော့မှာ။
ဝမ့် ကိုသာဆွဲမထားနိုင်ရင် လမ်းဘေးရောက်မှာ အသေအချာပဲ။
အရင်လို ရှောင်းကျန့်ဆီလဲ သွားပြီးပိုက်ဆံတောင်းလို့ ရမှာမဟုတ်တော့ဘူး။ရှောင်းကျန့်။
လုချင်းအာ တွေးနေရင်းမှ တစ်ခုကိုစဥ်းစားမိသွားသည်။
"မား!!!"
"ဘာဖြစ်တာလဲဟယ် လန့်လိုက်တာ"
လုချင်းအာ ထိုင်နေတဲ့မား ဆီသွားရင်း သူမအကြံကို အမြန်ပြောလိုက်တယ်။
"မား တစ်ခုစဥ်းစားမိပြီ
ရှောင်းကျန့်ကို တရားမစွဲတော့ဘဲ ချင်းရီနဲ့
လက်ထပ်ပေးရအောင်လား""ဘာ လုချင်းအာ
နင်ဘာပြောလိုက်တယ် ချင်းရီကနင့်ညီမနော်""တော်ပါ မားရယ်
လုချင်းရီကို အမေရောခေါ်ကျွေးထားနိုင်လို့လား
ရှောင်းကျန့်ကိုတရားစွဲပြီး ထောင်ထဲပို့တော့လဲ သမီးတို့ ဘာတွေထူးခြားသွားမှာမို့လဲ
ပိုက်ဆံပဲ ပိုကုန်မှာ
ပြီးတော့ မား သေချာလား
ဒီကိစ္စမှာ လုချင်းရီလဲဆန္ဒမပါဘူးလို့""နင်ဘာဆိုလိုတာလဲ"
"ရှောင်းကျန့်က ဒီလောက်ချောတာ
သူတို့တွေ အရင်ထဲကအဲ့လိုဖြစ်နေကြတာပဲနေမယ်
လုချင်းရီ ကလဲရှောင်းကျန့်အပေါ်ရိုးသားနိုင်ပါ့မလား""အဲ့တော့ အခုငါတို့ကဘာလုပ်ကြမှာလဲ"
"လုချင်းရီကို လက်ထပ်ပေးရမှာလေ
ရှောင်းကျန့်ကို တင်တောင်းခိုင်းမှာ
အဲဒါဆို သမီးတို့ပိုက်ဆံတွေတောင် ရနိုင်ဦးမယ်"