Part 2 (unicode)

631 33 0
                                    

မနက် ၅ နာရီဆိုတာ ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက်တော့ ဆောင်းလေအေးအေးနှင့်
အားကစားလုပ်ဖို့အကောင်းဆုံးအချိန်ပါပဲ။
အထူးသဖြင့် လူအများစုကဒီချိန်ဆို အေးအေးလေးနှင့် အိပ်ရာထဲကွေးနေကြတာများတယ်။
လူနည်းစုလောက်သာ အားကစားလုပ်ဖို့အတွက်ခုလိုအစောကြီးထလို့လမ်းမကျယ်တွေပေါ်
ထွက်လေ့ရှိတယ်။

ရိပေါ် အခု အနွေးအင်္ကျီပွပွနဲ့ ဘောင်းဘီရှည်တစ်ထည်ကို ဝတ်ဆင်လို့ ခေါင်းငိုက်စိုက်ချပြီး
မှောင်ရိပ်သန်းနေတဲ့ လမ်းမကျယ်တွေပေါ်
လျှောက်နေမိတယ်။ သူ့ရည်ရွယ်ချက်က
အားကစားလုပ်ဖို့တော့ မဟုတ်ပါဘူး။
လမ်းမကျယ်ပေါ် လူသိပ်မများသေးဘဲ
အားကစားလုပ်တဲ့ တချို့တလေလောက်သာ
တွေ့ရတယ်။
ရိပေါ် ရဲ့လက်ထဲမှာမနေ့ကရှောင်းကျန့်ကို
မပေးလိုက်ရတဲ့ စတော်ဘယ်ရီကိတ် လေးတစ်လုံးကို ကိုင်ထားတယ်။
ရှောင်းကျန့်က စတော်ဘယ်ရီကိတ်ကိုအရမ်းကြိုက်တာ။
သူတို့နှစ်ယောက် ဒိတ်လုပ်တိုင်း ဒီစတော်ဘယ်ရီ
ကိတ်ကိုအမြဲဝယ်စားလေ့ရှိတယ်။
မနေ့က သူတို့ချစ်သူသက်တမ်း ၆ လပြည့်လေးမှာ ရိပေါ်ကသူကိုယ်တိုင် ကြိုးစားပြီးဖုတ်ထားတဲ့
ဒီကိတ်လေး ရှောင်းကျန့်ကိုကျွေးချင်ခဲ့တာ။
ဒါပေမဲ့ ရှောင်းကျန့်က ချိန်းထားတာရောက်မလာတဲ့အပြင် သူ့ကိုလမ်းခွဲစကားပြောသွားခဲ့တယ်။
အဲဒီအကြောင်း ပြန်တွေးလိုက်တာနဲ့
ခေါင်းငုံ့ပြီးလမ်းလျှောက်နေတဲ့ ရိပေါ်ရဲ့
ပါးပြင်ထက် မျက်ရည်တစ်စက်ကျဆင်းသွားတယ်။ တကယ်တော့ မနေ့ညက သူတရေးမှ
မအိပ်ခဲ့ဘူး။ ဝယ်ထားသမျှဝိုင်တွေ အကုန်ထိုင်သောက်ပစ်ခဲ့တာ။
တစ်ညလုံးငိုထားတဲ့ ရိပေါ်ရဲ့မျက်လုံးတွေဟာ
မို့အစ်နေပြီး မျက်လုံးတောင်သိပ်မပွင့်ချင်တော့ဘူး။နီရဲနေတဲ့ နှာခေါင်းလုံးလုံးလေးဟာ ခုလို
အပြင်ဘက်ဆောင်းလေအေးကြားမှာ ပိုပြီးတော့
တောင် ရဲတတ်လာတယ်။
ရိပေါ်ရဲ့အသားအရေက သာမန်ထက် ပိုဖြူတဲ့ထဲမှာပါတယ်။ ရှောင်းကျန်ထက်တောင် အနည်းငယ်ပိုဖြူသေးတယ်။
တခါတလေ သူရှောင်းကျန့်ကို ဒီကိစ္စနဲ့စနောက်ရင် ရှောင်းကျန့်က စိတ်ကောက်လေ့ရှိတယ်။
တခြားလူတွေအမြင်မှာ ရှောင်းကျန့်က
လူကြီးလူကောင်းဆန်ပြီး အနေအေးပေမဲ့
သူ့အမြင်မှာတော့ ရှောင်းကျန့်က ကလေးဆိုးလေးတစ်ယောက်လိုပဲ။ တအားစိတ်ကောက်တတ်ပြီး ချော့ရတာလဲ သိပ်ခက်တာ။
သူ့ထက်အသက် ၆ နှစ်ကြီးပေမဲ့ ရှောင်းကျန့်က
သူ့အမြင်မှာတော့ ကလေးလေးတစ်ယောက်လိုပဲ။
အဲ့ကလေးက သူ "ကိုကို" လို့ခေါ်လိုက်တိုင်း
သွားကြီးကြီးနှစ်ချောင်းပေါ်လာတဲ့အထိ ပြုံးနေလေ့ရှိတယ်။
အမှတ်တရတွေဆီ အတွေးကရောက်သွားတာနဲ့
ရိပေါ် ရင်ဘတ်ထဲအောင့်တက်လာခဲ့တယ်။
ဟင့်အင်း။ သူဘယ်လိုမှ ဒါတွေကိုအဆုံးရှုံးမခံနိုင်ဘူး။ ရှောင်းကျန့်ကို စချစ်မိတည်းက
သူ့တစ်ဘဝလုံးစာ အတွက်ရည်ရွယ်ထားခဲ့တာ။
သူ့ဘဝမှာ ရှောင်းကျန့်ကလွဲပြီး ပိုတွယ်တာရတဲ့သူလဲ မရှိခဲ့ဘူး။
သူ့အဖေနဲ့အမေကိုတောင် ရှောင်းကျန့်ကိုချစ်သလောက် ရိပေါ်မချစ်ဘူး။
ဒါပေမယ့် ဒီအချစ်တွေကို ရှောင်းကျန့်က
တခါတလေကျရင် မွန်းကြပ်စရာလို့ မြင်လာတာ
သူသိတယ်။
ဒါကြောင့်လဲ ခုလို သူ့ကိုလမ်းခွဲဖို့စကားလွယ်လွယ်ပြောထွက်ခဲ့တာပေါ့။

Dear my all,Where stories live. Discover now