Part 19

536 57 10
                                    

Unicode

အခန်းထဲကအသက်မပါစွာထွက်သွားတဲ့
အကို့ရဲ့ကျောပြင်ကိုကြည့်ပြီး လုချင်းရီ
အသံတိတ်မျက်ရည်ကျမိသည်။
နောက်ဆုံးတော့ သူမလဲ အကို့ကိုစိတ်ဆင်းရဲစေတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပြီပဲ။
ဒါပေမဲ့ သူမလုပ်နေတာတွေက အကို့ကိုမထိခိုက်စေချင်ရုံလေးအတွက်ပါ။
မမဟာ ဘယ်လောက်ထိအကျင့်ဆိုးပြီး ကောက်ကျစ်တယ်ဆိုတာ သူမသိလို့။
အကို့ကို သူမကြောင့် ဒုက္ခမရောက်စေချင်ဘူး။

လုချင်းရီ အနည်းငယ်ဖောင်းချင်နေတဲ့
သူမဗိုက်ကို ငုံ့ကြည့်မိလိုက်တယ်။

မင်းကဘာလို့များ ငါ့ဆီရောက်လာရတာလဲ။

ကလေးလေးကို ခုလိုမျက်ရည်တွေနဲ့ကြိုဆိုနေရလို့ သူမအားနာတယ်။
ဒီကလေးလေးကြောင့် အကို့ကိုမျက်ရည်ကျစေခဲ့တဲ့အတွက်လဲ သူမအရမ်းအားနာမိပါတယ်။
အားလုံးက သူမအပြစ်တွေပဲ။
သူမတစ်ယောက်တည်းကြောင့်ပဲ။

လုချင်းရီဟာ ကုတင်ပေါ်ခေါင်းငုံ့လို့ ငိုကြွေးနေမိတော့တယ်။

ရှောင်းကျန့်ကတော့ အခန်းတံခါးကိုကပ်မှီလို့
အခန်းထဲက ချင်းရီရဲ့ငိုသံတွေကို
နားထောင်ကာ
ခေါင်းကိုအပေါ်မော့လို့ ခေါင်မိုးကိုအသက်မဲ့စွာငေးကြည့်နေမိတယ်။

သူ့အတွက် ဒီအချိန်မှာအကောင်းဆုံးရွေးချယ်စရာက ဘာဖြစ်လိမ့်မလဲ။

"မစ္စတာရှောင်း"

ဒေါက်တာလင်းယန်က သူ့အနားရောက်လာပြီးခပ်တိုးတိုးခေါ်တယ်။
အခန်းထဲက ငိုသံတွေကြောင့် လင်းယန်လဲ
စိတ်မကောင်းစွာ ခေါင်းခါမိလိုက်တယ်။

"ဒေါက်တာလင်းယန်"

ရှောင်းကျန့် ခေါင်းမိုးဆီအကြည့်ပို့ထားရင်းနဲ့ပဲတုန်ယင်နေတဲ့အသံကို ထိန်းကာခေါ်လိုက်တယ်။

"ပြောပါ မစ္စတာရှောင်း"

"ချင်းရီရဲ့ ....."

စကားစဟာ ခေတ္တရပ်တန့်သွားတယ်။
ရှောင်းကျန့် မျက်လုံးကိုမှိတ်လို့
မျက်ရည်တစက်ကို ပါးပြင်ပေါ်ကျဆင်းစေလိုက်တယ်။
ပြီးမှ ရှိသမျှအားအင်တွေအကုန်စုထားတဲ့အသံလေးနဲ့ ခပ်ဖြေးဖြေးဆက်ပြောလိုက်တော့တယ်။

Dear my all,Where stories live. Discover now