Part 12

496 56 12
                                    

Unicode

လုချင်းအာ လူရှင်းတဲ့တနေရာရောက်မှ
ဖုန်းကိုင်လိုက်တယ်။ ကိုင်လိုက်ချင်းမှာပဲ တဖက်ကသူမအမေရဲ့ အရက်နာကျနေတဲ့အော်သံက တန်းထွက်လာတော့တယ်။

"ချင်းအာ သမီးလား
မားကိုကူပါဦး မားမနေ့က အပျော်ဆော့ရင်း
ငွေနည်းနည်းရှုံးသွားတာ အခုအိမ်ပြန်ဖို့
လမ်းစရိတ်မရှိတော့လို့"

"မားးးး"

မားရဲ့စကအဆုံးမှာတော့ လုချင်းအာ
သည်းမခံနိုင်ဘဲ အော်ပစ်လိုက်တော့သည်။
မနေ့ကလေးတင် သူမပေးခဲ့တဲ့ငွေတွေ အကုန်ရှုံးသွားပြီလို့ မားကပြောလိုက်တာမလား။
အဲ့ငွေတွေကို သူမအနေနဲ့ရှာရတာ ဘယ်လောက်ခက်လဲ မားကဘယ်တော့မှမတွေးဘူး။
မပေးရင်လဲ အစားမစားမသောက်ဘဲ ဆန္ဒပြတယ်။
ပေးလိုက်တော့လဲ အကုန်ရှုံးအောင်ဖဲရိုက်လာတယ်။
ကြာရင် သူမ လုံးပါပါးတော့မှာ။

"ချင်းအာ မားကိုအဲ့လောက်မအော်ပါနဲ့
ဒီနေ့ကံဆိုးသွားရုံပါ"

"မား ကံကောင်းတဲ့နေ့ဘယ်နေ့ရှိလဲ"

လုချင်းအာ စိတ်ရှိလက်ရှိ အော်လိုက်ဟန်
ပြင်ပြီးမှ သူမအသံပြန်ထိန်းလိုက်တယ်။

"အော် ချင်းအာလေးရယ်
အခုဆို ချင်းအာကကုမ္ပဏီအကြီးကြီးရဲ့ ဝန်ထမ်းဖြစ်နေပြီမလား
အဲဒါဆို မားလဲကံကောင်းလာတော့မှာပေါ့"

"ပြောရဲသေးတယ်
ဒီအလုပ်လျှောက်ဖို့တောင် ရှောင်းကျန့်ဆီကပိုက်ဆံတောင်းပြီးလာရတာ
မား ဘယ်တော့မှ အသိတရားဝင်ပြီး ချင်းအာကိုဒုက္ခ မပေးတော့မှာလဲ"

"မားမှာ သမီးတစ်ယောက်ပဲရှိတာ
ချင်းအာကိုအားမကိုးလို့ မားကဘယ်သူ့ကိုအားကိုးရမှာလဲ
လုပ်ပါ ချင်းအာလေးရယ်
မားကိုအခု ပိုက်ဆံလှမ်းလွှဲပေးလိုက်နော်"

"ဘယ်လိုလုပ်ရှိမှာလဲလို့!"

"ဘာ လုချင်းအာ
ညည်းအခု ငါ့ကိုမပေးနိုင်ဘူးပြောနေတာလား
ညည်းကမွေးကျေးဇူးတွေ ဆပ်နေတာလား ဟမ်"

လုချင်းအာ စိတ်ညစ်ညစ်နဲ့ ကိုယ့်ခေါင်းကိုယ်သာဆွဲဆုတ်လိုက်ချင်တော့သည်။

"ဘယ်လောက်လိုတာလဲ ပြောပြော"

"ယွမ်နှစ်ထောင်ထဲပါ"

Dear my all,Where stories live. Discover now