Part 3

620 35 6
                                    

Unicode

Luggage ကိုဆွဲလို့ ရိပေါ်အိမ်ထဲက ထွက်လာမိတယ်။အမှတ်တရတွေအများကြီးနဲ့ အိမ်လေးကို
ပြန်လှည့်ကြည့်မိတော့ မျက်ရည်စက်ဟာ
သူ့အလိုလို ကျဆင်းလာပြန်တယ်။
ဒါတွေအားလုံးအိမ်မက်တစ်ခုသာဆို ဘယ်လောက် ကောင်းလိုက်မလဲ။
အိမ်ရှေ့ကိုထွက်လာတော့ ကားတစီးဟာ ရိပေါ်ကို အသင့်စောင့်နေပုံရတယ်။

ကျွန်တော်က
အကိုလေးကို လေဆိပ်လိုက်ပို့ပေးမှာပါ
တက်ပါ

ထိုလူက ရိပေါ်ရဲ့ luggage ကို ဆွဲယူလို့ ကားနောက်ခန်းထဲ ထည်ပေးတယ်။
ထို့နောက် အမြန်ပြန်ပြေးလာပြီး တံခါးဖွင့်ပေးပြန်တယ်။
ရိပေါ်ဟာတော့ ခံစားချက်မရှိစွာ ငြိမ်သက်လို့။

"အရင်ဆုံး...."

ကားသမားဟာ ရိပေါ်ရဲ့လေသံတိုးတိုးကိုကြားတော့ ချက်ချင်းပြန်ဖြေတယ်။

"ဟုတ်ကဲ့ အကိုလေး"

"အရင်ဆုံး.. လေဆိပ်မသွားခင် တနေရာကိုပို့ပေးပါ"

"အော် ဟုတ်ကဲ့
တက်ပါ အကိုလေး"

ထိုလူဖွင်ပေးတဲ့ ကားထဲဝင်ထိုင်လိုက်ရင်း
ရိပေါ်ဟာ အပြင်ဘက်ကို အသက်မရှိစွာ ငေးကြည့်နေမိတယ်။

"ကိုကို ဒီမှာကြည့် ဒီပန်းတွေမလှဘူးလား"

ဖြတ်သွားတဲ့လမ်းမတွေပေါ်မှာ အတိတ်က
သူနဲ့ ရှောင်းကျန့်ရဲ့ ပုံရိပ်တွေဟာ ရိပေါ်ရဲ့
အာရုံထဲ တရိပ်ရိပ်ဖြတ်ပြေးတယ်။

"ကိုကို့ကို ကျွန်တော်ကုန်းပိုးရမလား"

"ကိုကို ကတကယ်ကိုအရမ်းချောတယ်"

"ကိုကို့မှာ ရုပ်ဆိုးတဲ့အချိန်မရှိဘူး"

လမ်းမပေါ်မှာလျှောက်ခဲ့ဖူးတဲ့ သူတို့ရဲ့ပုံရိပ်တွေ
ကို ပြန်မြင်ယောင်တိုင်း ရိပေါ်က မျက်ရည်တွေကြားကနေ ခပ်ဖွဖွလေးပြုံးမိပြန်ရော။
တကယ်ပဲ အဲ့အရာတွေအားလုံးဟာ ပျောက်ကွယ်သွားခဲ့ပြီပဲ။
အဲ့အရာတွေနဲ့အတူ ရိပေါ်ရဲ့နှလုံးသားလဲ
ပျောက်ကွယ်သွားခဲ့ပြီ။

"အကိုလေး ကျွန်တော်ဘယ်အရင်ပို့ပေးရမလဲ"

"တိုက်နံပါတ် (....) ကိုအရင်မောင်းပါ"

Dear my all,Where stories live. Discover now