Part 14

566 70 8
                                    

Unicode

ရှောင်းကျန့်ဆီကရုတ်တရက်ရလိုက်တဲ့
အနမ်းကြောင့်ရိပေါ် ဆွံအသွားပြီးဦးနှောက်ထဲမှာလဲဗလာဖြစ်သွားခဲ့တယ်။
နူးနူးညံ့ညံ့အနမ်းမဟုတ်ဘဲ သူ့နှုတ်ခမ်းကို
တစ်လွှာချင်းငုံထွေးနေတဲ့အထိအတွေ့က ရှောင်းကျန့်ဆီကလာတာလို့ တွေးလိုက်ရုံနဲ့တင်ရိပေါ်ရဲ့အသိစိတ်တွေလွတ်ထွက်သွားတော့မလိုပါပဲ။

သူဒီလူနဲ့မထိတွေ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
ဒီလူနဲ့ဝေးကွာနေတတာလဲ ဘယ်လောက်ကြာခဲ့သလဲ။
အချစ်ဦးရူးတောင်မမေ့ဘူး ဆိုတဲ့အတိုင်း
ရိပေါ်ရဲ့အသိစိတ်ထဲမှာ ရှောင်းကျန့်ကိုဘယ်တော့မှမေ့ထားလို့မရဘူး။
သူ့ပါးစပ်ကမုန်းတယ်ပြောနေပေမဲ့ အဲဒီ့အကြောင်းပြချက်ကို ခုတုံးလုပ်ပြီး
ရှောင်းကျန့်ကိုနေ့တိုင်းတွေးနေခဲ့မိတာ။
အဖြူရောင်နှင်းတွေကျတဲ့နေ့တိုင်း ညဘက်ကောင်းကင်က ကြယ်လေးတွေကိုငေးမိတဲ့အခါတိုင်းပေါ့။

နူးညံ့တဲ့နှုတ်ခမ်းပါးက ရိပေါ်ရဲ့နှုတ်ခမ်းထက်ပြေးလွှားနေခဲ့တယ်။
ပုံမှန်ထက်ပိုပြင်းရှနေရင်း။

ရိပေါ်ရဲ့မေးနှစ်ဖက်ကို ထိန်းကိုင်ထားတဲ့
လက်နှစ်ဖက်ကလဲ ပူနွေးနေခဲ့တယ်။
ရိပေါ်မျက်လုံးဖွင့်ကြည့်လိုက်တယ်။
သူ့မျက်နှာနဲ့နီးကပ်လွန်းနေတဲ့ မျက်တောင်စိပ်လေးတွေက ကော့ဆင်းကျနေတယ်။
ပါးပြင်လေးကလဲ မွေးညင်းလေးတွေမြင်နေရတယ် ။အာရုံစူးစိုက်ထားပုံရတဲ့ မျက်ခုံးတန်းလေးကတော့ အနည်းငယ်စုကျုံ့လို့ထားတယ်။

ဒီတခါပဲ။
တခါလောက်ဆို ဖြစ်တယ်မလား။
ရိပေါ် သူ့စိတ်ကိုထိန်းချုပ်မထားဘဲ လွှတ်ပေးလိုက်တော့တယ်။
သူဒီနှုတ်ခမ်းပါးတွေကို ဘယ်လောက်တောင်လွမ်းဆွတ်နေခဲ့ရပါသလဲ။

အသက်ရှုလို့မဝတော့တဲ့အထိ
ဆက်လှုပ်ရှားဖို့အားမရှိတော့တဲ့အထိ ရိပေါ်အနမ်းကိုဦးဆောင်လိုက်တော့တယ်။
ရှောင်းကျန့်ရဲ့လက်တွေ သူ့လည်တိုင်ကိုအလိုက်သင့်ပြောင်းချိတ်လာတဲ့အထိပါပဲ။

"ဟွန်း ဟင်း ဟင်း"

အနမ်းတွေရပ်တန့်မိတဲ့အချိန်မှာတော့
နှစ်ယောက်လုံးက အသံတွေထွက်တဲ့အထိ လေရှုသွင်းရတဲ့အခြေအနေဖြစ်နေကြပြီ။
ဒါပေမဲ့ သူရှောင်းကျန့်ခါးကိုဖက်ထားတာ
မလွှတ်ပေးမိသလို ရှောင်းကျန့်ကလဲ သူ့လည်တိုင်ကိုချိတ်ဆွဲထားတုန်းပဲ။

Dear my all,Where stories live. Discover now