Part 6

433 41 2
                                    

Unicode

အလုပ်တွေပြီးလို့ အိမ်ပြန်လာချိန်မှာတော့
ရိပေါ်အနည်းငယ်ပင်ပန်းနေပြီဖြစ်သည်။
လုပ်ငန်းပိုင်းနဲ့ စိမ်းသက်မနေဘူးဆိုပေမဲ့
အခုမှသေချာစလုပ်ကြည့်တာမို့ အခက်အခဲကတော့ ရှိနေတုန်းပင်။

ကားနောက်ခန်းကနေ မှန်ကို အနည်းငယ်လျှောချလို့ သဘာဝလေအေးအေးကို
ခံစားရင်း ရိပေါ်လိုက်ပါလာမိသည်။

"အကိုလေး သီချင်းနားထောင်ချင်လား"

ကားရှေ့ခန်းက ဖုန်းကျန်းက လှမ်းမေးလာတာကြောင့် သူခေါင်းခါပြလိုက်တယ်။
ထို့နောက် သူ့အကြည့်တို့က ကားလမ်းဘေးက တစ်နေရာဆီ ရပ်တန့်သွားမိသည်။

" Sweet Bakery " လို့ခေါ်တဲ့ ကိတ်မုန့်ဆိုင်လေးတစ်ခု။
မီးပွိုင်းမိလို့ ကားရပ်သွားတဲ့အချိန်မှာ
ရိပေါ် ထိုဆိုင်ရှေ့မှန်ဘောင်လေးထဲ ခင်းကျင်းထားတဲ့ ကိတ်လေးတစ်ခုဆီ
အကြည့်ရောက်သွားရသည်။

စတော်ဘယ်ရီကိတ်လေး။
ထိုကိတ်ရဲ့ ပုံစံက အဲ့နေ့က ဟိုလူကိုကျွေးဖို့ဆိုပြီး ရိပေါ်ကိုယ်တိုင်ကြိုးစားလုပ်ခဲ့ဖူးတဲ့ ကိတ်နဲ့တစ်ပုံစံတည်းတူလို့နေသည်။

ကားပြန်ထွက်တော့မဲ့ အချိန်မှာ ရိပေါ်
ဖုန်းကျန်းကို လှမ်းတားလိုက်တယ်။

"ခဏနေဦး ငါ့ကို ဟိုဆိုင်က ပြထားတဲ့
စတော်ဘယ်ရီကိတ် ဆင်းဝယ်ပေးပါ"

ဖုန်းကျန်းက သူပြတဲ့နေရာကိုသေချာကြည့်ပြီးမှ

"အော် ဟုတ်ကဲ့ပါ အကိုလေး"

ဖုန်းကျန်းလဲ ကားကိုလမ်းဘေးတစ်နေရာမှာ ရပ်ထားလိုက်ပြီး ကိတ်မုန့်ဝယ်ဖို့ ဆင်းသွားတော့တယ်။

ရိပေါ်ကားထဲမှာ စောင့်နေရင်းနဲ့မှ ဟိုဟိုဒီဒီငေးနေမိပြန်သည်။

သူကိုယ်တိုင်လဲ ဘာလို့အဲဒီ့ကိတ်ကို
ဝယ်ခိုင်းမိမှန်း မသိတော့ဘူး။
ထိုလူ့ကိုမေ့ပစ်မယ်လို့ ကြုံးဝါးထားပြီးမှ
ထိုလူနဲ့ပက်သက်တာတွေကို သူဘာလို့
မရှောင်ဖယ်နိုင်ရတာလဲ။
ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်ရင်းနဲ့ပဲ ရိပေါ်ထိုင်နေမိတယ်။
.
.

Dear my all,Where stories live. Discover now