Unicode
ဒုန်း
ဒုန်း
ဒုန်း
"ခုချက်ချင်းတံခါးဖွင့်စမ်း
ဒီလိုပုန်းနိုင်မယ်ထင်နေတာလား!!"အိမ်ပြင်ဘက်က ကြွေးရှင်တွေရဲ့တံခါးကိုထုရိုက်သံတွေက ပိုပြီးကျယ်လာတာနဲ့အမျှ လုချင်းအာ ကြောက်လန့်လာလေဖြစ်သည်။
မား ကအကြွေးဆပ်ရမဲ့ရက်လွန်သွားလို့ အုပ်စုဖွဲ့ပြီးလိုက်လာကြတာပင်။
အိမ်တံခါးက အပြင်ကထုရိုက်မှုတွေကြောင့် အသံစုံမြည်ကာ ယိုင်နဲ့နေပြီ။ အိမ်နီးချင်းတွေကလဲ ဒီလိုဖြစ်နေတော့ ဝင်မဆွဲရဲကြပေ။လုချင်းအာ ထိတ်လန့်နေမိသလို ဘယ်လိုလုပ်ရမှန်းတောင် မစဥ်းစားနိုင်တော့ဘူး။
ငွေကလဲ ချက်ချင်းဆပ်နိုင်တဲ့ပမာဏမဟုတ်။
ရဲစခန်းကိုဖုန်းဆက်ဖို့ကလဲ ယူထားတာက
လောင်းကစားကြွေးမို့ မား အရင်ထောင်ထဲဝင်ရမှာ။"ချင်းအာ တခုခုကြံပါဦး"
"တိတ်တိတ်နေပေးပါ!!!!"
လုချင်းအာ စိတ်တိုတိုနဲ့အော်လိုက်မိတယ်။
ဒီလူတွေက တကယ့်လူရမ်းကားတွေ၊
သူမတို့က မိန်းကလေးနှစ်ယောက်ထဲ တခုခုဆို ကိုယ်ကျိုးနည်းမှာအရင်ဖြစ်နေတယ်။လုချင်းအာ နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်ပြီး တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်တော့တယ်။
တီ တီ
"ဖုန်းကိုင်ပါ ဖုန်းကိုင်ပါဟ"
မကြာလိုက် တဖက်ကကြည်လင်တဲ့အသံဟာ
ထွက်ပေါ်လာခဲ့တယ်။"ဟယ်လို"
လုချင်းအာ တတ်နိုင်သမျှ အသံကိုကြောက်ရွံ့နေဟန် လုပ်လိုက်ပြီး
"အ အကို ငါတို့ကိုကယ်ပါဦး"
"လုချင်းအာ"
ရှောင်းကျန့်ကြားလိုက်ရတဲ့ လုချင်းအာရဲ့အသံက တုန်ယင်နေပြီး တဖက်ကဆူညံသံတွေကလဲ အဆက်မပြတ် ကြားနေရတာကြောင့် ပြန်မေးလိုက်တယ်။
"ဘာတွေဖြစ်နေတာလဲ"
"အကို~ နင်အခုလာပေးပါဟာ
မဟုတ်ရင် ငါတို့တကယ်သေတော့မယ်ထင်တယ်
ကူညီပါဦး"