Part 21

547 63 9
                                    

Unicode

ရှောင်းကျန့်နိုးလာတော့ ဘေးမှာရိပေါ်ကို
မတွေ့ရတော့ဘူး။
အေးစက်နေတဲ့အိပ်ရာတဖက်ခြမ်းအရ သူ
မနိုးခင်ထဲကထွက်သွားခဲ့ပုံပါပဲ။
ရှောင်းကျန့်အိပ်ရာပေါ်ထထိုင်လိုက်တယ်။
ဒီရက်ပိုင်းကြုံခဲ့ရတာတွေကြောင့် သူ့စိတ်ရော ခန္ဓာကိုယ်ရောက တအားကိုပင်ပန်းနေပြီ။

အိပ်ရာကအသာထလို့ ကိုယ်လက်သန့်စင်ပြီး
မနက်စာပြင်ဖို့လုပ်ရတယ်။
ဆေးရုံမှာရှိနေမဲ့ သူ့ညီမလေးကိုတွေးမိတော့
ဆန်ပြုတ်တစ်အိုးပြုတ်ထားလိုက်တယ်။
ဘာပဲပြောပြော ချင်းရီမှာ သူတစ်ယောက်ပဲ
ရှိတာ။
ရှောင်းကျန့်က ချင်းရီကိုစွန့်ပစ်သွားလို့လုံးဝ
မဖြစ်ဘူး။
ဆေးရုံစာရင်းထဲက ကလေးအဖေနေရာမှာ
သူ့နာမည်ကိုထည့်ဖို့လဲ စီစဥ်ပြီးသွားပြီ။
သူမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။

                        တင်~

အိမ်ရှေ့ကကြားလိုက်ရတဲ့ ဘဲလ်သံကြောင့်
သူအနည်းငယ်တော့ စိတ်လှုပ်ရှားသွားတယ်။

ရိပေါ်။
သူမနေ့က ဆေးရုံသွားဖို့ပြောတုန်းက လိုက်ပို့ပေးမယ်ပြောထားတာကြောင့် လာခေါ်တာဖြစ်နိုငိတယ်။
မနက်ခင်းမှာ ရိပေါ်ကိုအရင်ဆုံးတွေ့ရတော့ သူ့မနက်ခင်းလေးအရမ်းသာယာနေတော့မှာပဲ။

ရှောင်းကျန့်ခြေလှမ်းခပ်သွက်သွက် လှမ်းလို့
တံခါးကိုဆွဲဖွင့်လိုက်တယ်။

                             ဝုန်းး

ရုတ်တရက်ပါပဲ။

သူ တွန်းခံလိုက်ရပြီး တံခါးဟာလဲ
အကြမ်းပတမ်းဆောင့်ကန်ခံလိုက်ရတယ်။

"ရှောင်းကျန့် မကောင်းတဲ့ကောင်"

အသက်၄၀ ကျော်အမျိုးသမီးတစ်ယောက်ရဲ့
အားကလဲ နာကျင်စေတုန်းပဲလေ။
သူ့မိထွေး။
တံခါးအပြင်ဘက်မှာရပ်နေခဲ့တဲ့လူဟာ ရိပေါ်မဟုတ်ဘဲ သူ့မိထွေးဖြစ်နေခဲ့တယ်။

"ရှောင်းကျန့် နင် နင်"

ထိုအမျိုးသမီးက ဒေါသတကြီးသူ့အင်္ကျီကို
ဆောင့်ဆွဲလာတယ်။

ရှောင်းကျန့်ဆက်ပြီးသည်းမခံနိုင်တော့ဘူး။
ထိုမိန်းမရဲ့လက်ကို ခပ်ကြမ်းကြမ်းဖြုတ်ချလိုက်တယ်။

Dear my all,Where stories live. Discover now