Part 7

472 35 4
                                    

Unicode

"Diamond Company က လာမဲ့နွေဦးရာသီ
ဖက်ရှင်ရှိုးကို ပူးပေါင်းပြီးလုပ်ဖို့လာကမ်းလှမ်းထားပါတယ်"

အစည်းအဝေးခန်းထဲမှာ CEOဟန်ရဲ့ အတွင်းရေးမှူးစကားသံဟာ ပျံလွင့်သွားတယ်။
CEOဟန်က ဘာမှပြန်မပြောသေးဘဲ
ခေါင်းတညိမ့်ညိမ့်သာ လုပ်လို့နေတယ်။

"ဒါနဲ့ Diamomd ကဘယ်လိုကုမ္ပဏီမျိုးလဲ"

ရိပေါ် ထမေးလိုက်တဲ့ မေးခွန်းအဆုံးမှာ
အတွင်းရေးမှူးဟာ ပြန်ဖြေတယ်။

"Diamond Company က ဒီဈေးကွက်မှာ
အောင်မြင်တဲ့ကုမ္ပဏီလို့ ပြောလို့ရတယ်
သူတို့က ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်သစ်တွေ မထပ်အောင်ထုတ်လေ့ရှိတယ်
ဈေးကွက်ထဲမှာလဲ နာမည်ကောင်းရထားတဲ့
ကုမ္ပဏီတစ်ခုပါ
ပြီးတော့ တစ်နှစ်တခါ ဖက်ရှင်ရှိုးပွဲလုပ်ပြီး
ဒီဇိုင်းအသစ်တွေ ဈေးကွက်တင်တယ်
အခုတစ်ခါ သူတို့ဘက်ကစပြီး Wang Group ကို ပူးပေါင်းဖို့ကမ်းလှမ်းလာတာပါ"

အတွင်းရေးမှူးရဲ့ စကားအဆုံး အစည်းအဝေးခန်းထဲက လူတွေကလဲ ခေါင်းတညိမ့်ညိမ့်နဲ့
စဥ်းစားဟန်ပြုသည်။

"ဒါပေမဲ့ Wang Group က ခုမှအဝတ်အထည်ဘက်တိုးချဲ့ထားတာမဟုတ်လား
Wang Group ရဲ့အဓိကပင်တိုင်က ဟိုတယ်နဲ့ အပန်းဖြေလုပ်ငန်းဆိုတာ သူတို့မသိဘူးလား"

"ကျွန်တော်ထင်သလောက်ပြောရရင် Diamond က Wang နဲ့လက်တွဲချင်ပုံပါပဲ
ပြောရရင် စီးပွားဖက်ဖွဲ့ချင်တဲ့သဘောပေါ့
ဒါကြောင့် ခုလိုကမ်းလှမ်းတာလို့ ထင်တယ်"

"ဒါဆို CEO ရဲ့သဘောကရော"

ရိပေါ်မေးလိုက်တော့ အားလုံးရဲ့အကြည့်တွေက CEOဟန် ဆီရောက်သွားကြသည်။

ထိုအခါ CEOဟန်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း

"ကျွန်တော့်အနေနဲ့တော့ လက်ခံလိုက်တာ
အကျိုးမယုတ်ဘူးထင်တယ်
Wang Group အနေနဲ့လဲ ခုမှဈေးကွက်သစ်ကိုထိုးဖောက်မှာဆိုတော့ စီနီယာကျတဲ့ ကုမ္ပဏီတစ်ခုခုနဲ့ လက်တွဲထားတာတော့
မမှားလောက်ဘူး
မစ္စတာဝမ် အနေနဲ့ရော"

"ကျွန်တော်လဲ လက်ခံသင့်တယ်ထင်ပါတယ်"

"အားလုံးရဲ့သဘောကရော"

Dear my all,Where stories live. Discover now