Unicode
တီ တီ တီ
ခေါင်းရင်းနားက အဆက်မပြတ်မြည်နေတဲ့ Alarm သံကြောင့် ရိပေါ်ဆက်အိပ်ဖို့ မဖြစ်နိုင်တော့ဘူး။ သူ နှိုးစက်ကိုလှမ်းပိတ်လိုက်ရင်း
အိပ်ရာကနေ ကုန်းထရတော့တယ်။ဒီကွန်ဒိုက သူအသစ်ဝယ်ထားခဲ့တာဖြစ်တယ်။
သူအရင်နေခဲ့တဲ့ ကွန်ဒိုကိုတော့ ပြန်မသွားဘူး။
ဘာလို့ဆို အဲ့မှာ သူပြန်မတွေ့ချင်တဲ့လူရဲ့
အငွေ့အသက်တွေကို ခံစားနေမိမှာစိုးလို့ပင်။
ရိပေါ် ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်တော့တယ်။
ဒီနေ့မနက် တရုတ်မှာရှိတဲ့ သူတို့မိသားစုရဲ့
ရုံးခွဲကို သွားကြည့်ရမှာဖြစ်တယ်။
ဒက်ဒီက သူ့ကိုတရုတ်ပြန်လာစေချင်တာမဟုတ်ဘူး။ ရုံးခွဲကို ဦးစီးပေးပါ့မယ် ဆိုတဲ့ကတိကြောင့်သာ ပြန်မလွှတ်ချင်ဘဲ လွှတ်လိုက်ရတာ။
ဒက်ဒီက သူစိတ်ကျရောဂါဖြစ်ပြီးထဲက တစ်ခုခုဆို အရမ်းထိတ်လန့်နေတော့တာ။
ဒက်ဒီရဲ့စိတ်ထဲ တရုတ်မှာသူ့ကိုထားခဲ့မိတာကိုအပြစ်ကြီးတစ်ခုလို ခံစားနေရတာပင်။
ဘာပဲဖြစ်ဖြစ် သူကအရင်လို မနူးမနပ်
ကောင်လေးမှ မဟုတ်တော့တာ။
အရင်လိုလဲ လွယ်လွယ်လှည့်စားလို့ရမယ့်လူ
မဟုတ်တော့ဘူး။ရိပေါ် ရေချိုးခန်းထဲက ထွက်လာတော့ အချိန်ကိုက်ဆိုသလိုပဲ သူ့ဖုန်းကမြည်လာတော့တယ်။
"ဟယ်လို"
"ဟယ်လို ဟို အကိုလေးဝမ် လားမသိဘူး"
"ဟုတ်တယ် ကျွန်တော်ဝမ်ရိပေါ်"
"အာ ဟုတ်ကဲ့ အကိုလေး
ကျွန်တော်က ဥက္ကဋ္ဌ စီစဥ်ပေးထားတဲ့
အကိုလေးဝမ်ရဲ့ အတွင်းရေးမှူးပါ
ကျွန်တော် ကုမ္ပဏီသွားဖို့အကိုလေးကို လာကြိုတော့မလို့ လှမ်းအကြောင်းကြားတာပါဗျ""နာရီဝက်နေရင် လာလို့ရပြီ"
"ဟုတ်ကဲ့ပါဗျ"
ဖုန်းကျသွားတော့ ရိပေါ်လဲ ဘီရိုနားသွားပြီး
အဖြူရောင်ရှပ်တစ်ထည် ထုတ်ဝတ်လိုက်တယ်။
style pant အနက်ရောင်ကိုမှ အနက်ရောင်ကုတ်တစ်ထည် ထပ်ဝတ်လိုက်တော့ ရိပေါ်ရဲ့ ခန့်ညားမှုကပိုပြီး ပေါ်လွင်နေတော့တယ်။
နက်ခ်တိုင်မစည်းတော့ဘဲ ဂုတ်ထောက်နေတဲ့
ဆံပင်ရှည်ကို အပေါ်ခပ်မြင့်မြင့်စီးချလိုက်တယ်။