Part 27

367 39 10
                                    

Unicode

စိတ်ငြိမ်ဆေးကြောင့် အိပ်မောကျသွားတဲ့ သားငယ်ရဲ့ လက်ကိုဆုပ်ကိုင်လို့ ဝမ်ချီရန်မျက်ရည်ကျမိပြန်တယ်။ သူကဘာမှအသုံးမကျတဲ့အဖေတစ်ယောက်ပဲ။ သားငယ်ကို ဒီလိုအခြေအနေနဲ့ သူ
ပြန်တွေ့ရပြန်ပြီ။

ဒီတိုင်းထိုင်နေလို့ ဘာမှအကျိုးမရှိဘူး။
အဲဒီအသုံးမကျတဲ့အချစ်ဆိုတဲ့အရာကြီးမှာ
သားငယ်ထပ်ပြီးမနစ်မွန်းတော့အောင် သူလုပ်ရမယ်။

ထိုစဉ် အခန်းတံခါးကိုဖွင့်လိုက်သံကြားတာကြောင့် သူလှည့်ကြည့်လိုက်မိသည်။

"အမ်မာ"

ဝင်လာတာက အမ်မာဖြစ်ပြီး သူမလဲမျက်နှာ
မကောင်းပေ။

"Baby Leo သက်သာရဲ့လား ဒက်ဒီ"

ဝမ်ချီရန်သားငယ်ရဲ့ မျက်နှာဖျော့ဖျော့ကို ပြန်ကြည့်ရင်း ဖြေလိုက်တယ်။

"ခုတော့ဆေးရှိန်ကြောင့် အိပ်နေတယ်
သက်သာသွားမှာပါ သားငယ်ကျိန်းသေပေါက်သက်သာသွားမှာ"

အမ်မလီလဲ ဒက်ဒီ့အနားလျှောက်လာပြီး ထိုင်နေတဲ့ ဒက်ဒီ့ပုခုံးပေါ် လက်နှစ်ဖက်နဲ့ခပ်ဖွဖွညစ်ရင်း အားပေးသလိုပြောလိုက်တယ်။

"ဒါပေါ့ Leo ကဘယ်လောက်သန်မာလိုက်လဲ"

"ဒါနဲ့ flight ticket အဆင်သင့်ဖြစ်ပြီလား"

ဒက်ဒီက ထိုအကြောင်းကို မမေ့ဘဲသတိပေးလာတာကြောင့် အမ်မာသက်ပြင်းချလိုက်ရင်း

"Flight တွေက schedule ပျက်နေတယ် ဒက်ဒီ
နောက်နှစ်ပတ်လောက်မှ ခုံပြန်ရမယ်တဲ့"

"ကြာလွန်းတယ် အဲ့လောက်အချိန်မရဘူး"

ဒက်ဒီဘာကိုစိုးရိမ်နေမှန်း သူမ သိတာကြောင့် ခပ်ရေးရေးသာပြုံးရင်း ပြန်ပြောလိုက်မိတယ်။

"ဒါမယ့် အမ်မာ Airline တိုင်းကိုမေးပြီးသွားပြီ
အခုကခရီးသွားရာသီမို့ တချို့ flight က
No Seats ဖြစ်နေပြီး တချို့ကျ schedule
မရှိဘူး ဒက်ဒီ
ဒါကြောင့် အနီးဆုံးနောက်နှစ်ပတ်မှ ပြန်ရမှာ"

ဝမ်ချီရန်ဟာ သက်ပြင်းချတယ်။
သူ့သားငယ်ကို ဒီနေရာမှာ နောက်နှစ်ပတ်တောင် ဘယ်လိုစိတ်နဲ့နေခိုင်းရမှာလဲ။
ဒီကြားထဲဟိုကောင်လေးမပေါ်လာဘူးလို့လဲ
မပြောနိုင်ဘူးလေ။

Dear my all,Where stories live. Discover now