💕 0

23K 508 6
                                    

✍️ Unicode

" မင်းမှတ်ထား… ဒါဟာ ငါ့ကိစ္စတွေကိုဝင်ရှုပ်တဲ့အတွက်အပြစ်ဒဏ်ပဲ…… "

ချွတ်ချထားတဲ့ပုဆိုးနဲ့အင်္ကျီကိုကောက်ဝတ်ရင်း လှမ်းပြောနေတဲ့ နေမင်းခန့်ကိုရှင်းသန့်မောင်စိတ်ဆိုးဖို့ကြိုးစားမနေတော့။ကြမ်းကြမ်းတမ်းတမ်းနမ်းရှုပ်ခံခဲ့ရတဲ့ ရှင်းသန့်မောင်ရဲ့နှုတ်ခမ်းဆီမှာ နေမင်းခန့်သောက်ခဲ့ဟန်တူတဲ့ အရက်နံ့တွေစွဲကျန်နေတုန်း။

ဒီအရက်နံ့တွေကြောင့်ပဲလား။ဒါမှမဟုတ်ရင် လက်သီးနဲ့ခပ်ပြင်းပြင်းအထိုးခံထားရတဲ့ မေးရိုးစွန်းဆီကစပ်ဖျဉ်းဖျဉ်းဒဏ်ကြောင့်ပဲလား‌တော့မသိ။နာကျင်မှုရဲ့နောက်မှာ ရီဝေဝေဒဏ်ကခေါင်းကိုတစစ်စစ်ကိုက်ခဲနေစေတာပဲ။

တစ်ခါမှမခံစားခဲ့ဘူးတဲ့နာကျင်မှုက တစ်ခါမှထိတွေ့မခံခဲ့ရဘူးတဲ့ နောက်ကျောဘက်က အောက်ပိုင်းတစ်နေရာဆီမှာအသဲခိုက်အောင်နာကျင်နေတုန်း။ဟိုတုန်းကတော့ ဒီလိုအဖြစ်မျိုးကို တစ်ဖက်သတ်ခိုးချစ်ခဲ့ရဖူးသူနေမင်းခန့်ဆီကနေတစ်ခါတစ်ရံမျှော်လင့်ခဲ့ဖူးပေမဲ့ ဒီလိုအခြေအနေမျိုးတော့မဟုတ်။

အခုတော့ ရှင်းသန့်မောင်အဖြစ်က ကြည်ကြည်နူးနူးခံစားရမဲ့နေရာမှာ ခန္ဓာကိုယ်ရောနှလုံးသားပါအဆမတန်နာကျင်ခံစားနေရတဲ့အဖြစ်။

နေမင်းခန့်ကတော့အစာဝသွားတဲ့ကျားတစ်ကောင်ပုံစံမျိုးနဲ့ ထိုင်ခုံပေါ်ထိုင်ပြီး စီးကရက်တစ်လိပ်ကိုအေးအေးဆေးဆေးသောက်လို့။မဲနက်နေတဲ့မျက်ဝန်းတွေကတော့ကျားနာတစ်ကောင်လိုအကြည့်တွေနဲ့ အဝတ်အစားကင်းမဲ့နေတဲ့ ရှင်းသန့်မောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာအရသာခံနေတုန်း။

မျက်တောင်ရှည်တွေဝိုင်းရံထားပြီး ထူးထူးခြားခြားမဲနက်နေတဲ့နေမင်းခန့်ရဲ့မျက်လုံးတွေကို တစ်ချိန်ကစွဲမက်ခဲ့ရဖူးပေမဲ့ အခုတော့စားမတတ်ဝါးမတတ်အကြည့်တွေကြောင့် အထိတ်ထိတ်အလန့်လန့်။

တစ်ခါတုန်းကတော့ ကိုယ့်အတွက်ဆိုရင် ငေးကြည့်နေရလောက်အောင်ကို ချောမောခဲ့ဖူးတဲ့နေမင်းခန့်က အခုတော့ ဆံပင်ရှည်ရှည်တွေ၊ပါးသိုင်းမွှေးတွေ၊မုတ်ဆိတ်မွှေးတွေနဲ့မို့ ညှင်းသိုးသိုး။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now