💕 - 14

3.8K 142 4
                                    

✍️ Unicode

သတို့သားနဲ့သတို့သမီးရှေ့မှာချထားတဲ့ လင်ပန်းထဲကပိုက်ဆံတွေကို ရှင်းသန့်မောင်ငေးကြည့်နေမိသည်။ပိုက်ဆံတွေထည့်ထားတဲ့လင်ပန်းနားမှာတော့ ငှက်ပျောဖက်ကိုခေါက်ချိုးချိုးပြီးလက်ဖက်တွေထည့်ထုပ်ထားတဲ့လက်ဖက်ထုပ်နှစ်ခုနဲ့ပန်းကန်တစ်ချပ်လဲရှိသေးသည်။

ချိုးထားတဲ့ငှက်ပျောဖက်ရဲ့အဝကိုအပေါ်ထောင်ထည့်ထားတာမို့ လဲမသွားအောင်ငှက်ပျောဖက်နှစ်ထုပ်လုံးကိုအချင်းချင်းမှီထားရသည်။မင်္ဂလာစကားပြောနေတဲ့ ဘိသိက်ဆရာရဲ့အသံကိုရှင်းသန့်မောင်ကြားတစ်ချက်မကြားတစ်ချက်။

ရှင်းသန့်မောင်လိုပဲ သတို့သားနဲ့သတိုးသမီးဖြစ်သူ နေမင်းခန့်နဲ့မမရှင်းသန့်မေတို့လဲကြားကြဟန်မတူ။လက်အုပ်ချီပြီး ကြောင်ငေးငေးထိုင်လို့။

" ကဲ ဒါက တောင်းလက်ဖက်ပါ... ဒါကတော့ဆောင်လက်ဖက်ပါ... ဒါကတော့ အမေ့နို့ဘိုးဆပ်တဲ့ကန်တော့ငွေပါခင်ဗျာ...... "

ဘိသိက်ဆရာကအဖေနဲ့မယ်ထိုင်တဲ့ဘက်ကိုတိုးပေးနေတဲ့ ပိုက်ဆံလင်ပန်းကိုကြည့်ပြီး ရှင်းသန့်မောင်မချိပြုံးပြုံးမိသည်။ဒီပိုက်ဆံတွေကမယ့်ရဲ့ပိုက်ဆံတွေဆိုတာ ရှင်းသန့်မောင်သိသည်။

ရှင်းသန့်မောင်လိုပဲတစ်ရွာလုံးလဲသိကြမည်သာဖြစ်သည်။ရှင်းသန့်မောင်တို့အိမ်မှာကပ်နေတဲ့ နေမင်းခန့်တို့မှာဒီလောက်ပိုက်ဆံတွေရှိမနေနိုင်ဘူးဆိုတာ လူတိုင်းနီးပါးသိနေကြတာပဲဟာ။

ဒါပေမဲ့ မယ်ကမမရှင်းသန့်မေကိုမျက်နှာမငယ်စေချင်တာနဲ့ပဲ အိမ်ကပိုက်ဆံကိုနို့ဘိုးကန်တော့ငွေရယ်လို့ ဖန်တီးခဲ့ခြင်းဖြစ်သည်။ယောဓလေ့အရတော့ သတို့သားကသတို့သမီးကိုပိုက်ဆံနဲ့တင်တောင်းကြရတာကိုး။

ဒါပေမဲ့ တကယ်တင်တောင်းတဲ့ငွေမဟုတ်ဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်အစားထိုးပြထားရတာကို ရှင်းသန့်မောင်ရှက်မိသည်။မယ်လဲရှက်တော့ရှက်ပါလိမ့်မည်။ဒါပေမဲ့ သမီးဖြစ်သူကိုချစ်တဲ့အခါ လူမြင်တင့်တယ်စေဖို့ အရှက်ကိုဘေးဖယ်ထားခဲ့ရဟန်တူပါသည်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now