💕 - 16

3.8K 164 20
                                    

✍️ Unicode

ညနေစောင်းလာပြီဖြစ်ပေမဲ့ နေရောင်ရှိနေဆဲဖြစ်တာကြောင့် ဝန်းကျင်တခိုမှာခပ်နွေးနွေးရှိနေဆဲ။သစ်ရွက်တွေကြားထဲကိုထိုးဖောက်ကျလာတဲ့ နေရောင်ကြောင့် ခြံထဲမှာအလင်းရာင်မနည်းပဲ လင်းလင်းချင်းချင်းရှိနေတုန်း။

အိမ်ဝင်းထဲကပေါများလှတဲ့ သစ်ပင်ကြီးကြီးတွေကြောင့် ကြွေကျပြီးအမှိုက်ဖြစ်နေတဲ့သစ်ရွက်တွေကလဲ မြေပြင်ပေါ်မှာမနည်းမနော။တံမြက်စည်းနဲ့နေ့တိုင်းနီးပါးသိမ်းပေမဲ့ အရွက်တွေကနေ့တိုင်းလောက်ကြွေကျနေတာမို့ အမှိုက်ပြတ်သွားတယ်ရယ်လို့သိပ်မရှိ။

အခုလဲတံမြက်စည်းတစ်ချောင်းနဲ့သစ်ရွက်ကြွေတွေသိမ်းနေတာကို ဆေးမှူးလေးကပါလာကူနေတာမို့အားနားမိပေမဲ့ မလုပ်ပါနဲ့လို့တားတာလဲမရ။

" ဦးဦးဆေးမှူးရေ ဆိုင်ကယ်စီးရအောင်...... "

" ဟုတ်ပါပြီဗျာ လာပါပြီ...... "

" ကဲ ကိုမောင်ရေ သားငယ်နဲ့ဆိုင်ကယ်စီးလိုက်ဦးမယ်...... "

" မစီးပါနဲ့ဆေးမှူးလေးရယ် အလကားနေဆီကုန်ပါတယ်... သားငယ်ကိုအလိုမလိုက်နဲ့... သားငယ်မစီးရဘူးနော်... ဦးဦးဆေးမှူးကအလိုလိုက်တိုင်းမဆိုးရဘူး...... "

" ပထမဆုံး ကျွန်တော့်ကိုဆေးမှူးလေးဆိုပြီးမခါ်ပါနဲ့ဆိုတာမရဘူးနော်... ညီညီဖြစ်ဖြစ် ညီလို့ပဲဖြစ်ဖြစ်ခေါ်ပါဆို...... "

" ကျုပ်ကမေ့မေ့သွားလိုပါ ဆေးမှူးလေးရယ်...... "

" ခေါ်ပြန်ပြီ...... "

မျက်လုံးလေးပြူးပြကာ ကလေးဆန်ဆန်ပြောနေတဲ့ ဆေးမှူးလေးကြောင့် ရှင်းသန့်မောင်နှစ်နှစ်ခြိုက်ခြိုက်ရယ်မိသည်။ဒီလိုတွေမရယ်ရတာတောင်တော်တော်ကြာခဲ့ပြီပဲ။

" ဒုတိယက သားငယ်ကိုတမင်အလိုလိုက်တာမဟုတ်ပါဘူးဗျာ... ကျွန်တော်ကချစ်လို့ပါ... အန္တရာယ်ဖြစ်စေမဲ့ဟာဆိုရင် ကျွန်တော်လုပ်မပေးပါဘူး... ဆိုင်ကယ်စီးချင်တာစီးပါစေပေါ့ ကလေးပဲစီးချင်မှာပေါ့... ပြီးတော့အဝေးကြီးသွားစီးတာလဲမဟုတ် ဒီအိမ်ဝင်းထဲမှာပဲစီးကြတာလေ...... "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now