✍️ Unicode
" ဟဲ့... နေမင်းခန့်... နေမင်းခန့်ဆိုတဲ့ကောင်ဘယ်ရောက်နေလဲ... ဒီမှာ ရှင်းသန့်မောင်ရဲ့အဝတ်တွေလာလျှော်စမ်း...... "
မမရှင်းသန့်မေရဲ့စီခနဲအော်သံနောက်မှာ နေမင်းခန့်ရဲ့အမေ ဒေါ်လေးခန့် အပြေးအလွှားရောက်လာသည်။အုပ်အုပ်ဆိုင်းဆိုင်းရှိလှတဲ့ မန်ကျည်းပင်ကြီးနှစ်ပင်အောက်ကရေတွင်းမှာရေချိုးပြီးလို့ ရေစိုပုဆိုးလျှော်ဖို့လုပ်နေတဲ့ ရှင်းသန့်မောင်အနားကို မမရှင်းသန့်မေရောက်လာပြီး ဒီလိုအော်သံပါတစ်ခါတည်းထွက်လာတာဖြစ်သည်။
" ဒေါ်လေးလျှော်လိုက်ပါ့မယ်ကွယ်...... ခဏနေကြရင်ဒေါ်လေးလျှော်ထားလိုက်ပါ့မယ်...... "
" နေပါစေအမေ... ကျုပ်ပဲလျှော်လိုက်မယ်...... "
ဘယ်အချိန်ကစအနားရောက်လာသလဲမသိတဲ့ နေမင်းခန့်ရဲ့အသံကခပ်ဆတ်ဆတ်ပင်ထွက်လာသည်။
" အေးလေ... နင်ပဲလျှော်ရမှာပေါ့... ဒေါ်လေးခန့်ကတစ်အိမ်လုံးစာချက်ရပြုတ်ရ လျှော်ရဖွပ်ရနဲ့ နင်ပဲအားနေတာ... အဲဒီတော့ ရှင်းသန့်မောင်ရဲ့အဝတ်တွေကိုနင်ပဲလျှော်ရမယ်...... "
အဖေမရှိတော့တဲ့နေမင်းခန့်ကိုရှင်းသန့်မောင်အားနာမိပါသည်။ဒါ့ထက်ပိုပြီး မယ်နဲ့မမရှင်းသန့်မေတို့ရဲ့ နိုင်စားမှုတွေကြောင့်ပိုလို့ပင်သနားမိရသည်။
" မမ... ငါ့ဘာသာငါပဲလျှော်ပါ့မယ်...... "
" ရှင်း... သန့်... မောင်...... "
ရုတ်တရက်အော်ချလိုက်တဲ့ မမရှင်းသန့်မေရဲ့အော်သံကြောင့် ရှင်းသန့်မောင်လန့်ဖျတ်သွားကာ နောက်ကိုတောင်ခြေတစ်လှမ်းယောင်ပြီးဆုတ်လိုက်မိသည်။
" နင်လျှော်စရာလားဟဲ့... ဒီအိမ်မှာဘယ်သူ့ကိုမှထမင်းအလကားတင်ကျွေးမထားနိုင်ဘူး... ဘာမှအလကားရတာလဲမဟုတ်ဘူး... ဒီမှာနေမင်းခန့်... ရှင်းသန့်မောင်ရဲ့အဝတ်အစားတွေကိုနင်ပဲလျှော်ရမယ်... ဒါပဲ... လာစမ်းရှင်းသန့်မောင်... နေရာတကာပျော့စိပျော့စိနဲ့ ငါမကြိုက်ဘူး...... "
မမရှင်းသန့်မေဆွဲခေါ်ရာနောက်ကိုပါလာရင်း နောက်ကိုလှည့်ကြည့်တော့ ရှင်းသန့်မောင်ရဲ့ပုဆိုးကိုလျှော်ဖို့အတွက် နေမင်းခန့်ကကောက်ကိုင်တာမြင်လိုက်သည်။ရှင်းသန့်မောင်ထက်တစ်နှစ်ငယ်တယ်ဆိုပေမဲ့လဲ ကိုယ့်ရဲ့ရေစိုပုဆိုးကိုလျှော်ပေးဖို့လုပ်နေတဲ့ နေမင်းခန့်ကိုကြည့်ပြီး ရှင်းသန့်မောင်တစ်ယောက်အားနာမိရပါသည်။
YOU ARE READING
💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုး
Storie d'amoreတချို့ဆုံတွေ့ရခြင်းတွေဟာ ဝဋ်ကြွေးကြောင့်လို့ဆိုတယ်......... yawthawemaung တချို့ဆုံတွေ့ရခြင်းတွေဟာ ဝဋ်ကြွေးကြောင့်လို့ဆိုတယ်.........