💕 - 17

3.7K 150 4
                                    

✍️ Unicode

" တကယ်တော့ နေမင်းခန့်ကသိပ်သနားစရာကောင်းခဲ့တာပါ...... "

ရှင်းသန့်မောင်စကားကြောင့် အထူးအဆန်းဖြစ်သွားသလိုလှည့်ကြည့်လာတဲ့ကိုညီ့ကိုမသိကျိုးကျွန်ပြုထားလိုက်သည်။

" မယ်နဲ့မမရှင်းသန့်မေက ဒေါ်လေးခန့်ကိုအဖေ့ရဲ့မယားငယ်လို့ထင်ခဲ့ကြတာ... အဖေကဘယ်လိုပဲရှင်းပြရှင်းပြမယုံခဲ့ကြဘူး... ဒေါ်လေးခန့်ကိုအဖေ့ရဲ့မယားငယ်လိုယုံလိုက်တဲ့အခါ နေမင်းခန့်ဟာ အဖေ့မယားငယ်ရဲ့သားဖြစ်သွားတော့တာပေါ့...... "

ငယ်ဘဝပုံရိပ်တွေက အတွေးအိမ်ထဲမှာတဖြတ်ဖြတ်ပြန်ပေါ်လာကြသည်။

" ဒေါ်လေးခန့်ကိုအဖေ့ရဲ့မယားငယ်လို့ထင်ခဲ့တဲ့အတိုင်းပဲ မယ်ကနေမင်းခန့်တို့ကိုဘယ်တုန်းကမှမျက်နှာသာမပေးခဲ့ဘူး...... တမင်နှိမ်တာမျိုးတော့မဟုတ်ပေမဲ့ စိတ်မကြည်တဲ့အခါ ပြောသမျှ လုပ်သမျှအရာရာက ဒေါ်လေးခန့်နဲ့နေမင်းခန့်ကိုနှိမ်ထားသလိုကိုဖြစ်နေခဲ့တော့တာ...... "

ကိုညီကတော့ လူတွေကြားထဲကနေ သနပ်ခါးပါးတို့ပွဲကိုကြည့်နေတဲ့ သားငယ်ဆီကိုငေးလို့။

" တကယ်တော့မယ်ကသဘောအရမ်းကောင်းတဲ့သူပါ... အပေးအကမ်းရက်ရောသလို အလှူအတန်းလဲလက်နှေးလေ့မရှိဘူး...... ဒါပေမဲ့ အဖေ့ကိုသိပ်ချစ်တဲ့မယ်က ဒေါ်လေးခန့်ကိုတော့မကြည်ဖြူခဲ့နိုင်ရှာဘူး...... ဒေါ်လေးခန့်ကိုမကြည်တဲ့အခါ နေမင်းခန့်ကိုပါအလိုလိုမကြည်ဖြူကြတော့ဘူးပေါ့... အဲဒီလိုကနေမယ်နဲ့မမရှင်းသန့်မေဟာ နေမင်းခန့်ကိုအဖေ့ရဲ့မယားပါသားဆိုပြီးမကျေနပ်တဲ့စိတ်ကတမင်သက်သက်အနိုင်ကျင့်သလိုဖြစ်သွားကြတယ်ထင်တာပါပဲ...... "

" တကယ်ပဲ နေမင်းခန့်က ကိုမောင့်အဖေရဲ့မယားငယ်သားလား...... "

" အဖေကတော့မဟုတ်ဘူးလို့ပဲပြောခဲ့တယ်... အရမ်းနီးတာမျိုးတော့မဟုတ်ပေမဲ့ ဆွေမျိုးတော်တာက‌တော့အသေအချာပဲတဲ့...... "

" ကိုမောင့်အဖေရဲ့ပြောစကားကိုယုံသလား...... "

" ယုံတယ်... အဖေကဘုရားတရားသမား... သူတစ်ပါးဒုက္ခရောက်လောက်အောင်အထိတော့လိမ်ခဲ့မှာမဟုတ်ဘူး...... ပြီးတော့တကယ့်ကိုပဲ ဒေါ်လေးခန့်ကိုညီမလေးတစ်ယောက်လိုပဲစောင့်ရှောက်ခဲ့တာ... ဒါ့ထက်ပိုတဲ့အပြုအမူမျိုးတစ်ခါမှမတွေ့ခဲ့ဖူးဘူး... အပြုအမူမပြောနဲ့ အဖေကဒေါ်လေးခန့်ကိုကြည့်တဲ့အကြည့်ထဲမှာတောင် မရိုးသားတာကိုမတွေ့ခဲ့ဖူးဘူး...... "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now