💕 - 12

3.8K 167 12
                                    

✍️ Unicode

" ဖေဖေရေ… သားလိုက်သွားပြီနော်…… "

" အေးအေးသား… အရီးအေးညိုတို့အိမ်မှာ တအားမဆော့နဲ့နော်…… "

" ဟုတ်ကဲ့…… "

မအေးညိုချီထားတဲ့အပေါ်ကနေတာ့တာပြရင်းအော်ပြောနေတဲ့သားငယ်ကို ပြန်ဖြေရင်းတာ့တာပြန်ပြလိုက်သည်။

" လျှော်ရမဲ့အဝတ်အစားတွေကလဲ များလိုက်တာဟယ်… ငါ‌ရောလျှော်ခဲ့ရဦးမလား…… "

" နေပါစေဗျာ… ဒီလောက်ကတော့အပျော့ပေါ့…… "

" အေးပါ အဝတ်လျှော်လို့ပြီးရင်လာခဲ့နော်… ထမင်းကိုအိမ်မှာစား…… "

" မျှော်မနေပါနဲ့… အဝတ်တွေကများတယ်… လျှော်တာတော်တော်နဲ့ပြီးချင်မှပြီးမှာ… အိမ်မှာပဲစားလိုက်ပါတော့မယ်…… "

" အေးပါ စောစောပြီးရင်လဲ လာခဲ့ဦးပေါ့… နင်မလာရင်လဲ သားငယ်ကိုညနေမှပြန်ပို့မယ်… အဲဒီတော့မှနင့်ဖို့ဟင်းယူခဲ့တော့မယ်…… "

" ဟုတ် ဟုတ် မအေးညို ရတယ်…… "

မအေးညိုက တောဝက်သားရှိတယ်ဆိုပြီး သားငယ်ကိုထမင်းစားလာခေါ်တာမို့ သားငယ်ကပြူံးပြုံးရွှင်ရွှင်ပင်လိုက်သွားသည်။ရှင်းသန့်မောင်ကတော့ ရေချိုးရင်းအဝတ်လျှော်နေတာမို့မလိုက်ဖြစ်။

ဒီနေ့မှပဲ မလျှော်ဖြစ်ပဲစုထားတဲ့သားငယ်အဝတ်တွေရော နေမင်းခန့်အဝတ်တွေရောမို့ တော်တော်နဲ့လျှော်လို့ပြီးအံ့မထင်။အဝတ်တွေလျှော်ရတာများပေမဲ့ မန်းကျည်းနှစ်ပင်ရဲ့အရိပ်ကနေမပူတာမို့သိပ်ပင်ပန်းတယ်မထင်မိ။

မပူဆို ရှင်းသန့်မောင်ကိုယ်‌ပေါ်ကိုနေပြောက်တောင်ရောက်မလာ။ရေတွင်းထဲကရေကိုစဉ့်ဇလုံကြီးထဲဆွဲထည့်လိုက် အဝတ်တွေလျှော်လိုက်နဲ့ဗိုက်ဆာလာတော့မှ အချိန်တွေတော်တော်လင့်လာတာသတိထားမိတဲ့အထိ။

လျှော်ပြီးသားအဝတ်တွေကိုလှန်းဖို့ဝါးလုံးတန်းကခြောက်ပြီးသားအဝတ်တွေကိုရုတ်ကာ မန်းကျည်းပင်အောက်ကကွပ်ပျစ်လေးပေါ်ပုံထားလိုက်သည်။

သားငယ်ရှိရင်တော့ အဲလိုရုတ်ထားတဲ့အဝတ်တွေကိုမခေါက်တတ်ခေါက်တတ်နဲ့ခေါက်ပေးတတ်သေးသည်။ချစ်စရာကောင်းလွန်းလှတဲ့သားငယ်က ခုနကမှလိုက်သွားတာပေမဲ့ ရုတ်တရက်သတိရမိသွားတဲ့ကိုယ့်ကိုယ်ကိုယ်ပိုရန်ကောလို့ပြုံးမိပြန်သေးသည်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now