💕 - 0 Plus

7K 167 45
                                    

✍️ Unicode

ရှင်းသန့်မောင်နဲ့နေမင်းခန့်တို့နှစ်ယောက်အကြောင်းကပြောစရာတွေတစ်ပုံတစ်ပင်နဲ့ကျန်ရစ်သည်။

ထူးဆန်းတာက ရှင်းသန့်မောင်တို့အိမ်ကြီးကအပေါ်ထပ်အောက်ထပ်တံခါးများကိုပိတ်မရခြင်းပင်ဖြစ်သည်။ဘယ်လောက်ပဲလုံအောင်ပိတ်ထားပိတ်ထား နောက်တစ်နေ့ရောက်တဲ့အခါ သူ့အလိုလိုပြန်ပွင့်နေတတ်သည်။

တချို့ကတော့အိမ်ပေါ်ကပြတင်းတွေ၊အိမ်အောက်ကတံခါးတွေမှာ ရှင်းသန့်မောင်တို့သားအဖသုံးယောက်ကိုတွေ့ရသည်လို့ဆိုကြသည်။တချို့ကညတွေမှာလဲ ရှင်းသန့်မောင်တို့သားအဖသုံးယောက်သားရဲ့ရယ်မောသံတွေကြားရသည်လို့ဆိုကြသည်။တချို့ကတစ်ခါတစ်ရံရေချိုးနေကြတဲ့အသံတွေတောင်ကြားရတတ်တယ်လို့ဆိုကြသည်။

အိမ်အဝင်ဝကပိတောက်ပင်ကြီးကလဲ ထူးထူးခြားခြား နှစ်စဉ်နှစ်တိုင်းပင်သင်္ကြန်တွင်းမှာနှစ်ရက်ပွင့်လေ့ရှိသည်။ရှင်းသန့်မောင်ရှိစဉ်ကလိုပဲပိတောက်ပန်းတွေကိုဘယ်သူမှတော့မခူးကြ။ဒီအတိုင်းပဲထားကာအလှကြည့်ကြသည်။

ရွာကသင်္ကြန်ပွဲကိုလဲအရင်နှစ်တွေအတိုင်း ဒီပိတောက်ပင်ကြီးအောက်မှာပဲနှစ်စဉ်လုပ်ကြသည်။သင်္ကြန်လုပ်တိုင်းလဲ ရှင်းသန့်မောင်တို့ကိုသတိရကြရသည်။

မအေးညိုတို့မထွေးညိုတို့ကတော့ သင်္ကြန်ရောက်တိုင်းငိုကြရသည်ဆိုသည်။အရီးမယ်ခကတော့ သင်္ကြန်ပွဲကိုမလာတော့သလို ရှင်းသန့်မောင်တို့အိမ်ဘက်ကိုလဲတစ်ခါမှခြေဦးမလှည့်တော့ဘူးလို့ပြောကြသည်။

ရှင်းသန့်မောင်‌ရောနေမင်းခန့်ပါမရှိတော့တဲ့အခါ ရှင်းသန့်မောင်နေခဲ့တဲ့အိမ်ကလေးမှာ ဆေးမှူးကလေးကဆက်နေခဲ့သည်။ရှင်းသန့်မောင်ရှိစဉ်ကလိုပဲအိမ်ကြီးနဲ့အိမ်ဝိုင်းတစ်ခုလုံးကိုသပ်သပ်ရပ်ရပ်ရှင်းလင်းထားသည်။

လယ်တွေယာတွေကိုသီးစားချထားလိုက်ပေမဲ့ အိမ်ကစိုက်ခင်းကလေးကိုတော့ကိုယ်တိုင်ပဲပုံမှန်စိုက်ကာ ရေပုံမှန်လောင်းပေးသည်။အသီးအနှံတွေကိုကိုယ်တိုင်သွားမရောင်းပေမဲ့ အိမ်ကနေဖောက်သည်ပေးလိုက်တာမျိုးတော့လုပ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now