💕 - 25

3.7K 139 19
                                    

✍️ Unicode

နေ့လည်ခင်းမွန်းတည့်ချိန်လောက်မို့နေမင်းရဲ့အပူရှိန်ကပြင်းလှသည်။သစ်ပင်ကြီးကြီးတွေရဲ့အရိပ်ရှိတဲ့ရှင်းသန့်မောင်တို့အိမ်ဝင်းထဲမှာတောင်အပူရှိန်ရဲ့ဒဏ်ကိုတော်တော်ခံစားနေရတာမို့တခြားအိမ်တွေသာဆိုရင်ပြောစရာရှိအံ့မထင်။

ပူလွန်းလှတာမို့မန်းကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မှာအပူရှောင်ရင်းစာဖတ်နေတဲ့ရှင်းသန့်မောင်ရှေ့မှာ ဒေါသအပူတွေနဲ့ရပ်နေတဲ့သူတစ်ယောက်လဲရှိနေခဲ့သည်။သူကတော့ နေမင်းခန့်ဖြစ်သည်။

နေမင်းခန့်မျက်နှာပေါ်မှာမြင်နေရတဲ့ဒေါသအခိုးအငွေ့တွေက နေလုံးကြီးဆီကဖြာကျလာတဲ့အပူရှိန်တွေထက်တောင်ပိုပြီးပူပြင်းနေတော့သလိုထင်ရသေးသည်။

" မင်းတို့ကတကယ်ယူကြတော့မလို့လား...... "

" အေးလေ...... "

နေမင်းခန့်မျက်နှာပေါ်မှာဖြစ်ပျက်နေတာတွေကိုမြင်ရတာကျေနပ်လိုက်တာ။ခံစားစမ်းနေမင်းခန့်။သဝန်တိုလိုက်စမ်း။မကျေမနပ်တွေဖြစ်လိုက်စမ်း။မင်းအပြစ်နဲ့မင်း၊မင်းရန်ငြိုးနဲ့မင်း၊မင်းစိတ်နဲ့မင်းကိုယ် မပြေနိုင်တဲ့ရန်ငြိုးတွေကိုတင်းခံထားရင်း ကြေကွဲနေလိုက်စမ်း။

မင်းခံစားနေရသမျှ မင်းရဲ့သောကတွေအားလုံးကိုငါထိုင်ကြည့်ရင်းကျေနပ်နေမှာ။ငါ့ရင်ထဲကခံစားရသမျှကိုမင်းမမြင်အောင်ဖုံးကွယ်ထားပြီး ငါအပြုံးတွေကိုပဲမင်းမြင်နေစေရမှာ။ငါကြေကွဲခံစားနေရသမျှကိုမင်းမမြင်စေရဘူးနေမင်းခန့်။ဒါက ငါဆိုထားတဲ့သစ္စာ။

" မင်းစောက်ရှက်မရှိတော့ဘူးလား...... "

" စောက်ရှက် ဟုတ်လား... ဟား ဟား ဟား အဲဒီ စောက်ရှက်မရှိအောင်မင်းပဲသင်ပေးခဲ့တာလေ...... "

" စောက်ပိုတွေမပြောနဲ့...... "

" စောက်ပိုမဟုတ်ဘူးနေမင်းခန့်... မင်းနဲ့အတူတူအိပ်ပေးခဲ့ရပြီးကတည်းက... မင်းပြုသမျှနုခဲ့ရပြီးကတည်းက... မင်းလုပ်ချင်သလိုလုပ်နေတာကို ငါငြိမ်ခံပေးခဲ့ရပြီးကတည်းက... ငါ့မှာ မင်းပြောတဲ့စောက်ရှက်ဆိုတာမရှိတော့တာကြာပြီပဲ...... "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now