💕 - 26

3.4K 130 13
                                    

✍️ Unicode

" စားဖွယ်သောက်ရာစုံလင်စွာနဲ့ သားတော်သမီး‌တော်တို့က ဖေကျော့်ကို အမျှော်တော်ရှိနေကြပါပြီဘုရား...... ပင့်လျှောက်သံကြားရရင်ဖြင့် စံမြန်းရာကူနီနန်းကနေ စောင့်မျှော်ရာ သာစခန်းဆီသို့ အမြန်သာကြွခဲ့ပါ့ဖေကျော်ကြီးဘုရား...... "

နတ်ကတော်ဆီက ကိုကြီးကျော်ပင့်တဲ့အသံကဆွဲဆွဲငင်မရှိပေမဲ့ သူ့ဓလေ့သူ့အသံနဲ့သူတော့နားထောင်လို့ကောင်းလှသည်။ကိုကြီးကျော်ပင့်ပြီးချီထားတဲ့လက်အုပ်နဲ့နဖူးကိုရိုက်ခတ်ပြီး နတ်ဝင်ဖို့အစပျိုးနေချိန်မှာ တီးဝိုင်းဆီကနတ်ဒိုးသံစထွက်လာသည်။

တီးဝိုင်းဆိုလို့ ဆိုင်းဝိုင်းတွေ ကနားတွေနဲ့သားသားနားနားမဟုတ်။ဗုံလေးတွေလေးငါးလုံးနဲ့ပတ်မကြီးတစ်ခုပါတဲ့ဗုံဝိုင်းကတစ်ခု၊ကြေးမောင်းလေးတွေကိုအကြီးအသေးစီထားတဲ့ကြေးနောင်ဝိုင်းကတစ်ခု၊လင်းကွင်းတစ်စုံ၊နှဲတစ်လက်၊မောင်းကြီးကြီးတစ်လုံး၊ဝါးလက်ခုပ်တစ်ခုနဲ့စည်းဝါးတစ်စုံသာ။

တီးနေကြသူတွေကလဲတကယ့်ဝါရင့်သမ္ဘာရင့်အတီးဆရာကြီးတွေမဟုတ်။ရပ်ထဲရွာထဲကဝါသနာပါသူတွေစုပြီးဟိုစပ်စပ်ဒီစပ်စပ်တီးတတ်သူတွေစုတီးကြတဲ့တီးဝိုင်း။ဒါပေမဲ့လဲ တောဓလေ့ရွာဓလေ့အတိုင်းဒီတီးဝိုင်းကဒီရွာကလူတွေကိုပျော်ရွှင်စေတဲ့တစ်ခုတည်းသောအပန်းဖြေစရာ။

" ထူးလဲထူးတယ် မူးလဲမူးတယ် တို့ကိုကြီးကျော်...... "

နတ်ဒိုးကိုဆိုပေးနေတဲ့သူကလဲ အဆိုတော်သပ်သပ်မဟုတ်။ကြေးနောင်ဝိုင်းကိုတီးနေသူက လက်ကကြေးမောင်းလေးတွေကိုကိုတီးရင်း ပါးစပ်ကလဲအလိုက်သင့်ဆိုနေခြင်းပင်။ဒါပေမဲ့လဲစည်းဝါးကိုနားလည်သူမို့ထင့် သီချင်းဆိုတာလဲစည်းချက်ဝါးချက်အကိုက်နဲ့နားထောင်လို့တော့အကောင်းသား။

" ကိုကြီးကျော်လာရင်... ထန်းရေအရက်တွေအမြဲပါသမို့ ခန်းဆောင်အတွင်းမထွက်ဝံ့အောင်ပ ရှက်လှပြီမောင်မောင်ရယ်... ( ရှက်လှပြီမောင်မောင်ရယ်... )

တီးဝိုင်းထဲမှာတီးနေတဲ့ကျန်တဲ့သူတွေက သီချင်းဆိုနေသူနောက်ကနေ ဟာမိုနီလိုက်သလို လိုက်ဆိုပေးနေကြသံကိုကြားရတာကလဲ ရင်ထဲကိုကြည်နူးမိစေပါရဲ့။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now