💕 - 11

3.5K 146 8
                                    

✍️ Unicode

" ငါကျွေးထားတဲ့ထမင်းကိုစားပြီး ငါတို့ကိုဒီလိုစော်ကားလိုက်တာပေါ့လေ ဟုတ်လား...... "

လက်နှစ်ဘက်ကိုနောက်ပစ်ပြီးမတ်တပ်ရပ်နေတဲ့ နေမင်းခန့်ကတော့ကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်။မယ်ကတော့ဒေါသတကြီးနဲ့လက်နှစ်ဖက်ကိုခါးထောက်ပြီး နေမင်းခန့်ကိုကြည့်နေတာစားတော့ဝါးတော့မဲ့အတိုင်း။

ဘယ်အရာကိုမှဝင်မပါတတ်ဘဲ အေးအေးဆေးဆေးနေတတ်တဲ့ အဖေတောင်ဒီတစ်ခါတော့ ထိုင်ခုံပေါ်မှာငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့တစ်ခုခုကိုတွေးတောနေသလိုလို။

" တကယ်ဟုတ်ခဲ့တယ်ဆိုရင်လဲ သားကဝန်ခံလိုက်ပါလားကွယ်...... "

ဒေါ်လေးခန့်အသံကတိုးလျလျ။

" ကျုပ်မဟုတ်ဘူးအမေ ကျုပ်ကျိန်ဆိုကျိန်ရဲတယ်... ဒီမယ်ရှင်းသန့်မေ ငါမဟုတ်ဘူးဆိုတာနင်ပြောလိုက်လေ...... "

" နင်နဲ့ဟုတ်နေတာကို ငါကမဟုတ်ဘူးလို့ဘယ်လိုလိမ်ပြောရမှာလဲဟဲ့... နင်အခုမှမမိုက်ရိုင်းနဲ့...... "

" တောက်...... "

နေမင်းခန့်နဲ့ဆိုရင်အမြဲတမ်းမာကျောနေတတ်တဲ့ မမရှင်းသန့်မေရဲ့မျက်နှာကတစ်ခုခုတော့ပြောင်းလဲနေသလိုလို။မထီမထာမျက်နှာပေးနဲ့နေမင်းခန့်ကိုအမြဲလိုအနိုင်ကျင့်ခဲ့တဲ့သူက ကျယ်လောင်လှတဲ့နေမင်းခန့်ရဲ့တောက်ခေါက်သံကိုလန့်ဖျတ်သွားတဲ့ပုံနဲ့။

" တိတ်စမ်း... ခွေးကလူလိုဟစ်လို့...... အခုဒီကိစ္စကိုနင်တာဝန်ယူပေးရမယ်...... "

" ကျုပ်မယူနိုင်ဘူးကြီးတော်... ကျုပ်နဲ့မပတ်သက်တာကို ကျုပ်တာဝန်ယူမပေးနိုင်ဘူး... ဒီပြဿနာကို ကိုယ့်သမီးကိုရှင်းခိုင်းလိုက်...... "

" ဖြန်း...... "

မယ်ရိုက်လိုက်တာကြောင့်ပါးတစ်ဖက်လည်ထွက်သွားပေမဲ့ နေမင်းခန့်ကဖြုန်ဖြုန်မလုပ်။

" ငါ့သမီးက နင်နဲ့ပဲမြို့ကိုခဏခဏသွားတာ နင်မဟုတ်ရင်ဘယ်သူရှိမလဲဟဲ့... မိန်းခလေးကတော့အရှက်ကွဲခံပြီး မျက်နှာပြောင်တိုက်ပြောနေမလား...... "

" ဒါကတော့ လိုက်ပို့စမ်းဆိုလို့လိုက်ပို့ပေးရုံပဲလေ... ကျန်တာဘာမှမဖြစ်ဖူးဘူး... လိုက်မပို့ရင်လဲပြဿနာကရှာဦးမှာမလား... ဒါ့ကြောင့်လိုက်ပို့တာ... ရှင်းရှင်းပြောရရင် ကျုပ်ကရှင်းသန့်မေကိုတစက်မှမကြိုက်ဘူး...... "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now