💕 - 4

4.7K 201 20
                                    

✍️ Unicode

သားငယ်လက်ကိုဆွဲကာ ခြေမျက်စိသာသာရှိနေကြပြီဖြစ်သည့်ပြောင်းဖူးအပင်ပေါက်ကလေးတွေကြားကနေဖြတ်လျှောက်ရင်း လတ်လတ်ဆတ်ဆတ်ရှိလှတဲ့သဘာဝလေကို ရှင်းသန့်မောင်အားရပါးရရှူရှိုက်မိသည်။

ပြောင်းဖူးစိုက်ကြသည့်ရာသီမို့ ‌တစ်မျှော်တစ်ခေါ်ရှိလှတဲ့ပြောင်းဖူးခင်းတွေကစိမ်းစိုလှပလို့နေကြသည်။ထွက်ပြူလာကာစ နေရောင်အောက်က ပြောင်းဖူးခင်းတွေကြားထဲမှာ ပေါင်းထိုးနေကြသူတွေ၊ကြားခွဲနေကြသူတွေနဲ့ ယာခင်းတစ်ခွင်ကသက်ဝင်လှုပ်ရှားလို့နေပြန်သည်။

" ဟိုး...မှာ ဖေဖေနေမင်းခန့်...... "

သားငယ်ကပြောင်းဖူးခင်းတွေကြားမှာလမ်းလျှောက်ရင်း ဟိုကြည့်သည်ကြည့်လုပ်နေတာက နေမင်းခန့်ကိုရှာနေခဲ့ဟန်တူသည်။ပြောင်းဖူးပင်တွေကြားမှာနွားတစ်ရှဉ်းနဲ့ကြားခွဲနေတဲ့အငှားသမားကို တစ်ခုခုပြောရင်းမတ်တပ်ရပ်နေသည့် နေမင်းခန့်ကိုမြင်တော့ သားငယ်ကရှင်းသန့်မောင်လက်ကိုကိုင်လှုပ်ကာ လက်ညိုးထိုးပြသည်။

နေမင်းခန့်ကလယ်ယာတွေလုပ်ကိုင်ရတယ်ဆိုပေမဲ့ကိုယ်တိုင်လုပ်တာမျိုးတော့မဟုတ်ပါ။အငှားသမားတွေကိုကြီးကြပ်ဦးစီးပြီးခိုင်းတာမျိုးသာဖြစ်သည်။ရှင်းသန့်မောင်ကိုမတည့်ဘူးဆိုပေမဲ့ အလုပ်ကိုတော့ကြိုးကြိုးစားစားလုပ်ပါသည်။အခုလဲ ပြောင်းဖူးပင်တွေကြားမှာကြားခွဲနေတဲ့အငှားအလုပ်သမားကိုသေချာခိုင်းနေတာပဲဖြစ်မည်။

လေးကွက်ကြားစိုက်ထားတဲ့ပြောင်းဖူးပင်တွေကြားမှာမြက်တွေ၊ပေါင်းပင်တွေအစီအရီပေါက်လာလေ့ရှိကြသည်။အဲဒီလိုပေါက်လာတဲ့ပေါင်းပင်တွေကို ပြောင်းဖူးပင်တွေကြားအတိုင်းထွန်တုံးနဲ့ကန့်လန့်ဖြတ်ကာဟိုဘက်ဒီဘက်ထွန်ပစ်လိုက်ရသည်။

ပြီးတော့မှ တစ်ပုဒ်စီမှာအစုလိုက်ပေါက်နေကြတဲ့ပြောင်းဖူးပင်တွေကိုလဲ အများဆုံးလေးပင်အထိသာထားကာ မလှတဲ့အပင်တွေကိုနှုတ်ပစ်ကြရသည်။ဒါမှသာကျန်တဲ့အပင်တွေကသန်သန်မာမာလှလှပပပေါက်လာကြပြီး ဖူးလာတဲ့ပြောင်းဖူးတွေကလဲကြီးမားကာပြောင်းဖူးစေ့တွေကလဲအောင်မြင်ကြသည်။ဒီလိုလုပ်ကြရတာကိုပဲကြားခွဲသည်လို့ဆိုကြတာဖြစ်သည်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now