💕 - 32

7.1K 176 46
                                    

✍️ Unicode

" ရှင်းသန့်မောင်…… "

ဒီတစ်ခါခေါ်နေတာဟာ တကယ့်စိတ်ရင်းနဲ့ပါရှင်းသန့်မောင်။အရင်တုန်းက‌တော့ ရှင်းသန့်မောင်ဆိုတဲ့နာမည်ကြားလိုက်တိုင်း ငါ့ဘဝကိုပျက်စီးအောင်လုပ်ခဲ့တဲ့ တကယ်တော့ မင်းနဲ့ငါ့ကိုဝေးသွားအောင်လုပ်ခဲ့တဲ့ ရှင်းသန့်မေဆိုတဲ့မင်းအစ်မရဲ့နာမည်နဲ့ဆင်တူလွန်းလို့  ‌ဒေါသတွေထွက်ခဲ့ရပေမဲ့ ဒီတစ်ခါတော့ ဘာဒေါသမှမပါဘဲ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲခေါ်နေမိတာပါ။

ဒါပေမဲ့ ငါခေါ်နေတာကိုမင်းမကြားနိုင်တော့တာငါသိပါတယ်။မင်းရဲ့အုတ်ဂူလေးရှေ့မှာဒူးထောက်နေတဲ့ငါ့ကို မင်းမမြင်နိုင်တော့တာငါသိပါတယ်။ဒီလိုပဲ ငါငိုနေတာမင်းမမြင်နိုင်တော့တာကိုလဲငါသိပါတယ်။

မင်းရဲ့အုတ်ဂူကိုသားငယ်ရဲ့အုတ်ဂူလေးဘေးမှာငါလုပ်ပေးထားတယ်။သားငယ်ကိုမချစ်ပေမဲ့ ငါမမုန်းခဲ့ပါဘူး။ဒါပေမဲ့ဒီလိုတွေဖြစ်လာမယ်သာကြိုသိခဲ့ရင် ငါသားငယ်ကိုချစ်ဖို့ကြိုးစားခဲ့မှာပါ။

အေးပေါ့လေ ဒီအချိန်မှာတော့ဒီစကားတွေကဆင်ခြေသက်သက်ဖြစ်နေမှာပေါ့။မင်းသာရှိရင် ငါ့ကိုလှောင်ပြုံး ပြုံးရင်းခပ်ရွဲ့ရွဲ့ကြည့်နေမယ်မလား။ဒီလိုစကားတွေပြောရတာမရှက်ဘူးလားလို့မေးချင်နေမယ်မလား။

ငါနောင်တတွေရနေပါပြီ ရှင်းသန့်မောင်။အသုံးမဝင်တော့တဲ့နောင်တတွေကိုငါထမ်းပိုးထားနေရပါပြီ။မင်းသိရဲ့လားရှင်းသန့်မောင်။မင်းရဲ့အုတ်ဂူဘေးမှာထည့်စရာအလောင်းမရှိသေးတဲ့အုတ်ဂူအလွတ်တစ်လုံးလဲရှိနေသေးတယ်။

ဘယ်သူ့အတွက်လို့မင်းထင်လဲ။ငါ့အတွက်ပါ။မင်းဘေးမှာနေချင်ခဲ့တဲ့ငါ့အတွက်အုတ်ဂူလေးကြိုလုပ်ထားခဲ့တာ။မင်းရယ်၊ငါရယ်၊သားငယ်ရယ် အသက်ရှင်တုန်းကအဆင်မပြေခဲ့သမျှ ငါသေသွားတဲ့အခါငြိမ်းငြိမ်းချမ်းချမ်းနေချင်တော့လို့ပါ။

ငါ မင်းနဲ့အတူတူနေချင်ခဲ့မိတယ်။မင်းကိုပိုင်ဆိုင်ချင်ခဲ့မိတယ်။မင်းပိုင်ဆိုင်တဲ့အရာတွေအားလုံးမင်းကိုပြန်ပေးချင်ခဲ့တယ်။ဒါ့ကြောင့်ပဲအောက်ကျနောက်ကျခံပြီးပိုက်ဆံတွေအများကြီးရှာခဲ့တယ်။ဒါကအချစ်လား။ငါသေချာမသိခဲ့ဘူးရှင်းသန့်မောင်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now