💕 - 27

3.4K 136 11
                                    

✍️ Unicode

ကံကောင်းခြင်းဆိုတာ တစ်ခါတစ်ရံမှသာလာတတ်ပေမဲ့ ကံဆိုးခြင်းဆိုရင်တော့ ဆက်တိုက်ရောက်လာတတ်တယ်ဆိုတဲ့ ဆရာတော်တွေရဲ့ဟောတရားကို ရှင်းသန့်မောင်ယုံခဲ့ရပြီ။

ကံဆိုးခြင်းတို့သည် ရှင်းသန့်မောင်နဲ့ထာဝရလက်တွဲဖော်များဖြစ်နေခဲ့ကြပြီလားမသိ။ကံဆိုးခြင်းတွေရဲ့နောက်ဆုံးလက်ဆောင်အဖြစ် ဘဝမှာနာကျည်းခဲ့ရသမျှ ခါးသီးခဲ့ရသမျှ ခံစားခဲ့ရသမျှရဲ့ ဆိုးကျိုးတွေကို ကိုညီကသယ်ဆောင်လာခဲ့သည်။

နှလုံးရောဂါ။ခဏခဏမောချင်နေတာမို့ အားမရှိတာထင်ပြီး မြို့ကလေးရဲ့တိုက်နယ်ဆေးရုံမှာဆေးစစ်ခဲ့တဲ့ရလဒ်က နှလုံးရောဂါတဲ့။ဆေးစစ်ချက်အဖြေကိုယူလာတဲ့ကိုညီက ရိုးရိုးအားမရှိတာပါလို့ပြောနေပေမဲ့ မျက်နှာပေါ်ကစိုးရိမ်တဲ့အမူအယာ‌တွေကိုတော့ဖုံးဖိမထားနိုင်ခဲ့။

ရှင်းသန့်မောင်ကသေချာဆက်မေးမှ နှလုံးရောဂါဆိုတာကို မပြောချင်ပြောချင် ပြောပြခဲ့တာဖြစ်သည်။စိတ်ချမ်းသာအောင်နေရင် စိတ်ခံစားမှုတွေကိုအစွန်းမရောက်စေရင် မစိုးရိမ်ရပါဘူးလို့ပြောနေတဲ့ကိုညီကိုယ်တိုင် ရှင်းသန့်မောင်ရဲ့စိတ်အခြေအနေကိုသိနေခဲ့တာပဲ။

ဘာတတ်နိုင်မှာတဲ့လဲ။ဒါက ရှင်းသန့်မောင်ရဲ့ကံကြမ္မာအလိုတော်အတိုင်းပဲမလား။ဒါမှမဟုတ်ရင် ရှင်းသန့်မောင်ရဲ့ကျိန်စာတွေက ရှင်းသန့်မောင်ဆီကိုပြန်လာခဲ့ကြတာမျိုးလား။

စူဠသုဘဒ္ဒါကတော့ ကျိန်စာတိုက်တာမှားယွင်းခဲ့တာကြောင့် ရင်ကွဲနာကျပြီးသေခဲ့ရသတဲ့။ဒါပေမဲ့ ရှင်းသန့်မောင်ကတော့ ဒေါသကြောင့်ကျိန်စာဆိုတာကိုရေရွတ်ခဲ့ဖူးပေမဲ့ ရှင်းသန့်မောင်ရဲ့စိတ်ထဲမှာ နေမင်းခန့်ကိုနာကျင်စေချင်ခဲ့တာတစ်စိုးတစ်စိမျှမပါခဲ့။

ရှင်းသန့်မောင်ခံစားခဲ့ရသလိုပြန်ခံစားစေချင်ခဲ့တာကလဲ နေမင်းခန့်ကရှင်းသန့်မောင်ကို ကိုယ်ချင်းစာတတ်လာစေချင်ခဲ့ရုံမျှသာ။ရှင်းသန့်မောင်ဘယ်လိုတောင်ခံစားခဲ့ရတယ်ဆိုတာကို နေမင်းခန့်သိစေချင်တာလောက်ကတော့ဖြစ်သင့်တယ်မလား။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now