💕 - 18

3.9K 176 17
                                    

✍️ Unicode

နှီးဖျာကြမ်းအသစ်စက်စက်ထဲမှာ ပေါက်ပေါက်ပွင့်လေးတွေကဖွေးဥလို့နေကြသည်။ကိုယ့်အိမ်ကိုယ့်ယာကထွက်တဲ့စပါးကိုမိုးပြဲသံဒယ်ကြီးနဲ့လှော်ထားတဲ့ပေါက်ပေါက်ပွင့်မို့ ဒီအတိုင်းစားရင်တော့ခပ်ဆိမ့်ဆိမ့်နေတာကလွဲရင် အရသာမရှိလှ။

ဒါပေမဲ့လဲပေါက်ပေါက်ပွင့်ကိုဒီအတိုင်းစားကြတာမျိုးတော့မဟုတ်။ထန်းလျက်ကိုစေးပြစ်လာအောင်ရေနဲ့ကျိုပြီး ပေါက်ပေါက်ပွင့်ထဲရောထည့်ကာ အလုံးလေးတွေဖြစ်လာအောင် လက်နဲ့ဆုပ်ပြီးမှစားကြခြင်းသာ။ဒါတောင်မှရွာမှာအလှူအတန်းနဲ့ဘုရားပွဲရှိမှသာစားကြရတာမျိုး။

အခုလဲရှင်းသန့်မောင်တို့ရွာမှာတန်ဆောင်မုန်းလပြည့်နေ့တိုင်းကျင်းပတဲ့ ဘုရားပွဲမှာဧည့်ခံဖို့အတွက်ပေါက်ပေါက်ဆုပ်နေကြခြင်းသာ။ပေါက်ပေါက်ဆုပ်ကြမယ်ဆိုရင်အိမ်နီးချင်းတွေသာမကအလုပ်အားလပ်သူတွေပါဝိုင်းကူကြတာမို့ ပျော်စရာတော့အကောင်းသား။လူတွေအများကြီးနဲ့စကားပြောလိုက်ကြ ပေါက်ပေါက်ဆုပ်လိုက်ကြနဲ့ပျင်းစရာကြားမရှိ။

" ကဲ ကဲ အဆင်သင့်ပြင်မယ်နော်... ထညက်ရေကရပြီ...... "

ထန်းလျက်ရည်အိုးကြီးမလာတဲ့အရီးမယ်ခက အနားကိုရောက်လာပြီမို့ ပေါက်ပေါက်ပွင့်တွေထည့်ထားတဲ့ဖျာကိုဝိုင်းထိုင်နေကြသူတွေအားလုံး ပေါက်ပေါက်မွှေတဲ့ယောက်မအရိုးရှည်တစ်ချောင်းစီကိုင်ကာအသင့်အနေအထားပြင်လိုက်ကြသည်။

ထန်းလျက်ကိုစေးပျစ်နေအောင်ကြိုရတာဟာလက်အတော်ဝင်တာ။ဒါပေမဲ့ ဒီလိုကြိုရတာကိုအရီးမယ်ခတို့ကကျွမ်းကျင်ပြီးသား။ကျွမ်းကျင်ဆိုပေါက်ပေါက်ဆုပ်ကြတိုင်းအရီးမယ်ခကပြောင်းဖူးဖက်ဆေးလိပ်တစ်လိပ်နဲ့ထန်းလျက်ရည်ကို သူပဲဒိုင်ခံကြိုစမြဲ။

အလယ်ရောက်အောင်စုပုံထားတဲ့ပေါက်ပေါက်ပွင့်တွေပေါ်ကိုအရီးမယ်ခက ထန်းလျက်ရည်တွေဖြည်းဖြည်းချင်းလောင်းချသည်။ယောက်မကိုင်ထားသူတွေအားလုံးကလဲ ထန်းလျက်ရည်ဖျာထိကပ်မသွားဘဲ ပေါက်ပေါက်ပွင့်နဲ့ထန်းလျက်ရည်သမသွားအောင်ယောက်မ‌အရိုးရှည်တွေနဲ့ဝိုင်းမွှေပေးကြသည်။သမသွားပြီဆိုတော့မှ ပေါက်ပေါက်အလုံးကြီးကိုပိုပြီးစေးကပ်သွားအောင်အပေါ်မြှောက်ပြီးပစ်ချလိုက်သည်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now