💕 - 13

3.8K 162 11
                                    

✍️ Unicode

အချိန်တော်တော်ကြာသွားတဲ့အခါ အစာဝသွားတဲ့ကျားတစ်ကောင်လို အလိုရမ္မက်တွေပြည့်သွားတဲ့ နေမင်းခန့်ကတရှူးရှူးနဲ့အိပ်မောကျသွားခဲ့ပြီ။အဝတ်အစားကင်းမဲ့ဆဲဖြစ်တဲ့ နေမင်းခန့်ခန္ဓာကိုယ်ပေါ်ကို စောင်တစ်ထည်ဆွဲခြုံပေးလိုက်ပြီး အခန်းထောင့်ရောက်နေတဲ့ ပုဆိုးကိုကောက်ဝတ်လိုက်သည်။

ဖြည်းဖြည်းချင်းလှုပ်ရှားနေရပေမဲ့ တစ်ကိုယ်လုံးနာကျင်မှုက စိတ်ရဲ့နာကျင်ခံစားမှုကိုမကျော်လွန်နိုင်တဲ့အခါ လုပ်စရာရှိတာတွေကို ပုံမှန်နီးပါးလုပ်နေနိုင်ဆဲ။အိမ်ပေါ်ကဆင်းလာပြီး မီးဖိုထဲရောက်တဲ့အခါ နေမင်းခန့်အတွက်ထမင်းပွဲပြင်ပေးပြီး အုပ်ဆောင်းအုပ်ထားလိုက်သည်။

ရှင်းသန့်မောင်က‌တော့စောစောကထမင်းဆာနေခဲ့ပေမဲ့ အခုတော့ကြက်ပျောက်ငှက်ပျောက်။

ရေတွင်းနားထိရောက်အောင်လာခဲ့ကာ ခုနကစဥ့်ဇလုံကြီးထဲမှာကျန်ခဲ့‌တဲ့ရေတွေနဲ့ ရေပြန်ချိုးပစ်လိုက်သည်။‌တစ်ကိုယ်လုံးကိုအေးစိမ့်သွားစေတဲ့ရေတွေက ခန္ဓာကိုယ်ပေါ်ကနာကျင်မှုတွေကိုဖယ်ယူသွားနိုင်ပေမဲ့ စိတ်ထဲကခံစားရတာတွေကိုတော့ဒီအတိုင်းထားရစ်ခဲ့သည်။

ရေကိုဝသွားအောင်ချိုးချလို့ပြီးမှ ခုနကရုတ်ပြီးကွပ်ပျစ်‌ပေါ်တင်ထားပစ်ခဲ့တဲ့အဝတ်ပုံထဲကပုဆိုးတစ်ထည်ကိုကောက်လဲလိုက်သည်။အခုမှ မျက်နှာသုတ်စောင်ကိုသတိရသည်။အခန်းထဲမှာကျန်နေခဲ့တာသိပေမဲ့ နေမင်းခန့်အိပ်နေတဲ့အခန်းထဲကိုနောက်တစ်ကြိမ်ထပ်မသွားလိုတော့။

ကွပ်ပျစ်ပေါ်မှာထားခဲ့တဲ့အဝတ်အစားတွေကိုယူကာ အိမ်ကလေးဆီလာခဲ့တော့ တစ်ကိုယ်လုံးကပုရွက်ဆိတ်ကလေးတွေတက်ကိုက်သလို တစစ်စစ်နဲ့နာကျင်လာသည်။

နာကျင်မှုကိုအံတုရင်း ရှင်းသန့်မောင်တို့သားအဖနေတဲ့ သုံပင်ပတ်လည်ဇလီကပ်ကာအိမ်ကလေးဆီကိုအားတင်းလျှောက်လာခဲ့သည်။ဒေါ်လေးခန့်နဲ့နေမင်းခန့်တို့သားအမိနေခဲ့ကြတဲ့ ဒီအိမ်ကလေးကအခုတော့သားငယ်နဲ့သူ့အတွက်နားခိုရာဖြစ်လို့နေခဲ့ပြီ။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now