💕 - 10

4.2K 176 17
                                    

✍️ Unicode

" မင်းခန့်ရေ... မင်းခန့်... ငါ့မောင်ရေ...... "

အိမ်အောက်ထပ်ကကြမ်းပြင်ကိုပုဆိုးစုတ်နဲ့ကြမ်းတိုက်နေတုန်း အိမ်ရှေ့ကခေါ်သံထွက်လာလို့လှမ်းကြည့်လိုက်တော့မအမြင့်။လက်ထဲမှာလဲ သုံးဆင့်ချိုင့်တစ်လုံးဆွဲလို့။

" ဪ... မအမြင့် လာဗျ ကျုပ်ရှိတယ် ဒီမှာထမင်းစားနေတုန်းမို့...... "

ရှင်းသန့်မောင်ဆီကထူးသံထွက်မလာလို့ထင့် မီးဖိုထဲကနေကိုယ်တိုင်ကိုယ်ကြထွက်လာပြီးထူးလိုက်တဲ့ နေမင်းခန့်ကိုစိတ်ထဲကသိပ်မကျေနပ်ချင်ပေမဲ့ဘာများတတ်နိုင်မှာမို့လို့လဲ။

ရှင်းသန့်မောင်တို့သားအဖ ရှိနေရက်သားနဲ့ဘာလို့မထူးရတာလဲဆိုတဲ့မကြည်ကြည့်နဲ့သာအကြည့်ခံလိုက်ရသေး။

" ဟယ် ဟုတ်လား... အမြင့်လဲ မင်းခန့်ဖို့ဟင်းစားလေးလာပို့တာ... ဒီနေ့အိမ်မှာဟင်းလုပ်တာနဲ့လေ... ဝက်နားပန်းသုပ်ရယ်... ဝက်သွေးခဲကြော်ရယ်... ကလီစာချက်ရယ်...... "

" အား... ကျုပ်အကြိုက်တွေချည်းပါပဲလား....အဲလိုတွေအလိုက်သိတတ်လွန်းလို့ မအမြင့်ကိုခင်နေရတာဗျ... မအမြင့်ရောထမင်းစားခဲ့ပြီးပြီလား...... "

" ရှေ့ကနေ မထည့်ထည့်ခေါ်နေရတာ မပင်ပန်းဘူးလားကွယ် အမြင့်ဆိုလဲရပါတယ်...... "

နှစ်ယောက်သားဆီကမခို့တရို့ထွက်လာတဲ့ရယ်သံတွေက ရှင်းသန့်မောင်နားကိုလာကလိကြသည်။ရင်ထဲကခံရခက်ပေမဲ့ ရှင်းသန့်မောင်ကဝင်ပြောစရာဘာအကြောင်းမှလဲမရှိ။

သားငယ်ကတော့ဘာမှမသိသလို ပုဆိုးစုတ်ကလေးပေါ်မတ်တပ်ရပ်ပြီး တရွတ်တိုက်လမ်းလျှောက်ရင်းကြမ်းတိုက်လို့။

" လာဗျာ ဒီမှာတစ်ခါတည်းသာစားသွားလိုက်တော့... ရှင်းသန့်မောင် ဟေ့ကောင့် အမြင့်ဖို့ထမင်းခူပေးစမ်း...... "

မအမြင့်ကနေ တစ်ခါတည်း အမြင့်ဆိုပြီးအခေါ်အဝေါ်ပြောင်းသွားတဲ့ နေမင်းခန့်က မအမြင့်ကိုပြောတဲ့လေသံနဲ့ရှင်းသန့်မောင်ကိုခိုင်းတဲ့လေသံချင်းလဲမတူ။

" အေးပေါ့ဟယ် အိမ်ရှင်ကခေါ်တော့လဲ ငြင်းလို့ဘယ်ကောင်းမလဲ... စားရမှာပေါ့... ငါ့မောင်နဲ့ထမင်းလက်ဆုံစားဖူးသွားတာပေါ့တော်... ပျော်စရာကောင်းမှာပဲ...... "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now