💕 - 23

3.5K 148 16
                                    

✍️ Unicode

🔔 စကားလုံးရိုင်းရိုင်းတွေပါလို့ ကြိုပြီးတောင်းပန်ထားပါရစေ။

°°°°°°°°°°°°°°°°

" ကိုမောင်ရေအရင်ချိုးလိုက်ပါလား ထမင်းပွဲကိုကျွန်တော်ပြင်ထားလိုက်မယ်…… "

" ရပါတယ် ကိုညီသာအရင်ချိုးလိုက်ပါ…… "

" ကဲပါ ကိုမောင်သာအရင်ချိုးစမ်းပါ… ကိုမောင်ကအအေးနဲ့တည့်တာလဲမဟုတ်… အရင်သာခပ်မြန်မြန်ချိုးလိုက်…… "

" ထမင်းချက်ရဦးမယ်လေ……."

ဈေးကအပြန်ဟင်းချက်တွေဝယ်ခဲ့ပေမဲ့ထမင်းတော့ဝယ်မလာခဲ့။ထမင်းဆိုရင် ပူပူနွေးနွေးမှစားချင်တာကိုကရှင်းသန့်မောင်ရဲ့အကျင့်။

" မီးသာမွှေးထားလိုက် ထမင်းကိုကျွန်တော်ချက်လိုက်မယ်…… "

ကိုညီ့အမေကသူတို့မြို့ကိုပြန်သွားတာမို့ထမင်းဟင်းကောင်းကောင်းမချက်တတ်တဲ့ကိုညီကရှင်းသန့်မောင်နဲ့အတူတူထမင်းလာစားသည်။ထမင်းလာစားတယ်ဆိုပေမဲ့ထမင်းတစ်လုံးသာချက်ပြီးဟင်းအတွက်ကတော့ချက်မနေဘဲဈေးရောင်းကအပြန်ချက်ပြီးသားဟင်းတွေကိုဝယ်စားလိုက်ကြခြင်းသာဖြစ်သည်။

ကိုညီကဝယ်လာတဲ့ဟင်းချက်တွေကိုခွက်တွေထဲလှယ်ထည့်နေတာမို့ထင်းရှူးပေါက်စနည်းနည်းခုတ်ကာမီးမွှေးပြီးဆန်ဆေးဖို့ပြင်လိုက်သည်။

" ကဲ ထားခဲ့စမ်းပါ… ရေချိုးသာသွားတော့… ထမင်းလောက်တော့ကောင်းအောင်ချက်တတ်ပါသေးတယ်…… "

ကိုညီကအတင်းတွန်းလွှတ်တာမို့ဆန်ဆေးလက်စထမင်းအိုးကိုချကာရေတွင်းဘက်ထွက်လာခဲ့သည်။ရေတွင်းထဲကိုရေပုံးနဲ့ရေငင်ရင်းသားငယ်ကိုသတိရမိပြန်သည်။

သားငယ်ဆုံးသွားတာတစ်နှစ်ကျော်ခဲ့ပြီဆိုပေမဲ့တိုက်ဆိုင်မှုတွေရှိတုန်းမှာသားငယ်ကိုသတိရမိနေမြဲဖြစ်သည်။အချိန်တော်တော်များများအတူတူနေခဲ့ကြတာမို့တိုက်ဆိုင်မှုကလဲနေရာတိုင်းမှာရှိလို့နေပြန်သည်။

" ဟိုကောင်ကဘာလို့မင်းအိမ်မှာလာပြီးထမင်းစား စားနေတာလဲ…… ငါကြည့်နေတာနှစ်ရက်သုံးရက်မကတော့ဘူး…… "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now