💕 - 31

4.1K 143 21
                                    

✍️ Unicode

" တမ်ဗုတ်ဒေ အတ်ထဝီတင်စ ဒွါရတင်စ တဟတ်တကေ…… "

သားငယ်ရဲ့ဘုရားရှိခိုးသံကိုပီပီသသကြားနေရတာမို့ စိတ်ထဲကနေ သမ္ဗုဒ္ဓေဂါထာတော်ကိုလိုက်ပြီးရွတ်ဆိုပူဇော်နေမိသည်။ရုတ်ရက်စိတ်ထဲမှာထင့်ခနဲဖြစ်သွားသည်။သားငယ်မရှိတော့တာကြာခဲ့ပြီပဲ။ဒါဆို သမ္ဗုဒ္ဓေဂါထာတော်ကြီးကိုဘယ်သူကရွတ်ဆိုပူဇော်နေတာလဲ။

မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ အနားမှာသမ္ဗုဒ္ဓေဂါထာတော်ကိုရွတ်နေတဲ့ အရီးမယ်ခကိုမှုန်မှုန်ဝါးဝါးမြင်ရသည်။ရှင်းသန့်မောင်လှမ်းကြည့်တာကိုပြန်ကြည့်တဲ့အရီးမယ်ခမျက်နှာမှာ ဝမ်းသာသွားတဲ့ဟန်ကိုဖြတ်ခနဲမြင်လိုက်ရပေနဲ့ မျက်နှာကချက်ချင်းပင်ပြန်ညှိးကျသွားသည်။

" သတိရလာပြီဟဲ့…… "

ခြေရင်းဘက်ဆီကနေအသံထွက်လာတာကြောင့် လှမ်းကြည့်လိုက်တော့ထိုင်နေကြသူတွေလေးငါးယောက်ကိုမြင်နေရပေမဲ့ဘယ်သူတွေရယ်လို့သဲသဲကွဲကွဲမမြင်ရ။လှုပ်လှုပ်ရွရွလုပ်နေကြသူတွေကိုငေးကြည့်နေတုန်းမှာပဲ လက်ချောင်းလေးတွေကိုအသာအယာနှိပ်ပေးနေတာကိုခံစားမိလာတာမို့ စောင်းကြည့်လိုက်တော့နေမင်းခန့်။ရှင်းသန့်မောင်လက်ကိုအသာအယာနှိပ်ပေးနေတဲ့နေမင်းခန့်မျက်လုံးအိမ်မှာမျက်ရည်စတွေနဲ့ပါလား။ဘာတွေဖြစ်နေကြတာပါလိမ့်။

နှာဝကိုရောက်လာတဲ့ညှော်နံ့ကြောင့်ဘေးဘက်ကိုအသာကြည့်လိုက်တော့ ပွဲမြှောက်နေတဲ့နတ်ကတော်ဒေါ်သကိုတွေ့ရသည်။လက်နှစ်ဘက်နဲ့ပွဲကိုမြှောက်ထားပြီး ပါးစပ်ကလဲတတွတ်တွတ်ရွတ်နေတဲ့နတ်ကတော်ဒေါ်သကိုကြည့်ကာ ရှင်းသန့်မောင်စိတ်ရှုပ်နေမိပြန်သည်။

ခေတ်ကတိုးတက်လာပေမဲ့ ရိုးရာအယူစွဲတွေကတော့ရှိနေကြတုန်း။အခုလဲရှင်းသန့်မောင်အတွက်ပွဲမြှောက်နေတာပဲဖြစ်လိမ့်မည်။ပွဲကိုမြှောက်မနေနဲ့လို့ပြောချင်ပေမဲ့ ပါးစပ်ကဖွင့်မရ။ခေါင်းကသိပ်လှုပ်လို့မရတာကြောင့် မျက်လုံးနဲ့ဟိုစောင်းဒီငဲ့ကြည့်ရတာတောင် တော်တော်ပင်ပန်းလှပြီ။

ပွဲထဲမှာတော့ အခုမှခုတ်လာဟန်တူတဲ့ ငှက်ပျောသီးတွေကလတ်လတ်ဆတ်ဆတ်ရှိလှသည်။ငှက်ပျောသီးအလယ်က အုန်းသီးကလဲအခုမှအပင်ထက်ကခူးထားတဲ့ဟန်နဲ့ စိမ်းစိမ်းစိုစိုနုဖတ်နေတုန်း။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now