"ဝမ်ဝမ် သွားရအောင်..."
" ဟုတ်ကဲ့ ဦး...!!"
ပထမဆုံးကျောင်းတတ်ရက်မို့ ဝမ်ဝမ်စိတ်က ပျော်တာရော ကြောက်တာရော တစ်ဝက်စီပင်...
ဦးအမိန့်နဲ့ အဆောင်နေခွင့်မရှိတော့ပဲ အပို့ကိုဦးအလုပ်ချိန်အတူသွားရတော့မှာဖြစ်ပြီး အကြိုကိုတော့လေးချင်တာဝန်ယူတော့မှာပင်။
မနက်စာဝိုင်းမှာ အန်တီကို နူတ်ဆက်လို့ ကြီးမေထံပြေးကာ အသာပွေ့ဖက်နူတ်ဆက်ရင်း ဦးကားအနားသို့ကြောပိုးအိတ်ကလေးလူပ်ရမ်းအောင်ပြေးသွားလိုက်တယ်။
ဦးက Driver set မှာနေရာယူနှင့်ပြီးဖြစ်သလို အပြေးလာတဲ့ဝမ်ဝမ့်ကို စိုက်ကြည့်ရင်း...
" ဖြေးဖြေးလာလဲရတယ်လေ လျှော်လဲရင်တော့လား..."
ဆူပူခြင်းမမည်တဲ့စကားကြောင့် ရိပေါ်ကသွားလေးစေ့ရီပြရင်း ကားပေါ်တတ်ထိုင်လိုက်တယ်။
ခြံထဲက ကားအဖြူလေးဝေါ်ခနဲထွက်သွားတာကြည့်ရင်း လီလီမျက်ဝန်းတို့က အေးစက်ကာမှင်သေသေ....
အဆောင်နေချင်တယ်ဆိုတဲ့ကောင်လေးကို သူမခွင့်ပြုပေးခဲ့သော်လဲ ရှောင်းရဲ့ကန့်ကွက်မူ့အပြင် တစ်ချက်လွတ်အမိန့်ကြောင့် ထိုကိစ္စဟာ ဘယ်တုန်းကမှမရှိခဲ့သလိုပဲ....
ထို့အပြင် မနက်တိုင်းကျောင်းပို့တာဝန်ကို ရှောင်းက ကျေကျေနပ်နပ် လက်ခံယူရင်း သိသိသာသာကိုတတ်ကြွလို့ရယ်....
" ကြီးမေ... ရှောင်းက ခုတလောပျော်လာပုံပဲ...."
ခြံဝကိုငေးကြည့်ရင်းပြောလာသည့်သခင်မလေးစကားဟာ ဘာကိုရည်ညွန်းလေသလဲ ကြီးမေကကောင်းကောင်းသိပါရဲ့....
" ကြီးမေတော့ မသိပါဘူးကွယ်..."
တစ်ချို့သောမုသားတွေက အပစ်တော့မဖြစ်တန်ရာ...
ကြီးမေစကားကြောင့်လီလီက ခပ်ဖွဖွပြုံးရင်းက
" ကြီးမေ အသက်ကြီးလာတော့ အမြင်တွေမကောင်းတော့ဘူးထင်တယ်..."" ဟုတ်ပါရဲ့ကွယ်..."
လီလီလှည့်ထွက်ခဲ့ရင်း အပေါ်ထပ်သူမအခန်းရှိရာတတ်ခဲ့တော့တယ်...
YOU ARE READING
ဦးရဲ့ နှလုံးသားငယ်(Complete)
Fanfictionဦးနဲ့စခဲ့တဲ့အချစ်တွေဟာ သံသရာအဆက်ဆက် မြဲနေဦးမှာပါ.... Baby က ဦးအတွက် လွတ်လမ်းမရှိတဲ့ ထောင်ချောက်ငယ်....