13🍁

2.6K 231 20
                                    

" မင်း...ကိုယ့်ကိုပြောစမ်း ဝမ်ဝမ်။ ကိုယ့်အနားနေခဲ့ဖို့ မင်းဘာတွေတွေဝေနေတာလဲ...။"

ဟွားလီလီနဲ့ရှောင်ကျန့်တို့ကွာရှင်းဖို့ရာ အားလုံးဆွေးနွေးညှိနိူင်းပြီးသည့်အချိန်တွင် ရှောင်ကျန့်က ဘေဘီ့အားစကားခနပြောကြရန် ခြံထဲခေါ်ဆင်းလာခဲ့တာဖြစ်တယ်။

လီလီက သူပေးမဲ့နစ်နာကြေးတွေအားဘာတစ်ခုမှမယူပါပဲ သူ့မိဘအားခွင့်လွတ်ပေးစေချင်ကြောင်းသာတောင်းဆိုတယ်။

ခွင့်လွတ်ပေးတာက ရပေမဲ့ ဟွားအဘိုးကြီးထပ်ရန်စလာရင်တော့သူ့ဘက်ကငြိမ်ခံနေမှာမဟုတ်တော့ပေ...

သို့ပေတည်း ရှောင်ကျန့်က စကားတွေထပ်မရူပ်စေဖို့ရာ လီလီ့အားခေါင်းလေးလေးပင်ပင်သာ ငြိမ့်ပြခဲ့တယ်။

ထပ်ပြီးလီလီက ဝမ်ဝမ့်ရွေးချယ်မူ့ကသူမဖြစ်တာမို့ သူမတို့နှစ်ယောက် အေးဆေးသွားပါရစေဟုတောင်းဆိုတဲ့အခါမှာတော့ရှောင်ကျန့်ကလက်မခံသေးပါပဲ ဝမ်ဝမ့်အားသေချာအောင်ထပ်အတည်ပြုချင်တဲ့အတွက် ကွားရှင်းမဲ့ရက်မတိုင်မီအထိ သူထိုတောင်းဆိုချက်ကို လက်မခံပေးနိုင်သေးကြောင်းပြောဆိုကာ ဘေဘီ့ကို ခေါ်ထွက်ခဲ့တာ....။

" မေးနေတယ်လေ ဝမ်ဝမ်...။"

ရှောင်ကျန့်က လေသံတအားမမာမိစေရန် ဂရုတစိုက်ထိန်းလို့ ကလေးငယ်အားမေးလေတော့ ခေါင်းတွင်တွင်ငုံ့ထားသည့်ကလေးငယ်က မျက်နှာလေးနွမ်းလျစွာနဲ့ မော့်ကြည့်လာတယ်။

" တွေဝေတာ...မဟုတ်ပါဘူးဦး...။ ဝမ်ဝမ်အန်တီနဲ့ပဲ လိုက်သွားချင်တာပါ..."

" ဘာလို့လဲ....!! ကိုယ့်အနားမနေခဲ့ချင်ရတဲ့အကြောင်းပြချက်ကဘာလဲ...။ "

ခုဏကတည်းက လီလီနဲ့သာလိုက်သွားချင်ကြောင်းပြာနေခဲ့သည့်ဘေဘီက ခုထက်ထိလဲ ထိုစကားကိုသာထွက်ဆိုနေတယ်။

ထိန်းထားရတဲ့အားမလိုအားမရဒေါသတွေက ထွက်စပြုနေပြီဖြစ်တာကြောင့် ရှောင်ကျန့်လေသံတွေမပျော့ချင်နေတော့ပါ။

ဦးက ဒေါသတွေတအားထွက်နေပြီဆိုတာ ရိပေါ်သိတာကြောင့် ကြောက်လန့်လာရတယ်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now