29🍁

2K 141 6
                                    

Camera မီးရောင်တဖျတ်ဖျတ်နှင့်အတူ များစွာသော Media တွေက စဥ်အောက်ကနေ စဥ်ပေါ်ကဥက္ကဌရှောင်းအားမှတ်တမ်းယူလျက်ရှိတယ်....

တစ်ပါတ်လောက်ပွက်လောရိုက်နေသည့်သတင်းတွေဟာမတည်ငြိမ်လာတာကြောင့်ရှောင်ကျန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပင်။

" ကျနော်ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲဟာ ပျံ့နှံ့နေတဲ့မဟုတ်မမှန်သတင်းတွေဖြေရှင်းဖို့အတွက်ဆိုတာအားလုံးသိကြမယ်ထင်ပါတယ်။"

ရှောင်ကျန့်ကတည်ငြိမ်တဲ့အနေထားနဲ့ Media တွေကိုခြုံငုံကြည့်ကာ စကားကိုရှေ့ဆက်တယ်....

" အရင်ဆုံးပြောချင်တာက အခြေမြစ်မရှိပဲမဟုတ်မမှန်တွေတင်ထားတဲ့အကောင့်ပိုင်ရှင်ကို တရားစွဲဆိုသွားမှာဖြစ်ပြီး ပြင်းထန်စွာဝေဖန်တိုက်ခိုက်ထားတဲ့သူတွေကိုလဲထိုက်သင့်တဲ့အပြစ်ဒဏ်ခံရဖို့ပြုလုပ်သွားမှာပါ။
လူတစ်ယောက်ရဲ့ Privacy ကိုချိုးဖောက်တာက ဘယ်လိုအပြစ်ဒဏ်ရှိသလဲ အားလုံးသိတဲ့အလျှောက် ကျနော့်ဘက်ကညှာတာပေးသွားမှာမဟုတ်ပါဘူး။ဆိုတော့ ပြောချင်တာက  ကျနော့်ချစ်ရသူကယောက်ကျားလေးတစ်ယောက်ဆိုတာမှန်သလို ဝမ်ရိပေါ်ဆိုတာလဲဟုတ်ပါတယ်။
အဲ့လိုဆိုတိုင်း ကျနော်ကGay မဟုတ်ဘူး ။ဒါပေမဲ့ ယောက်ကျားလေးချင်းမေတ္တာမျှတာကိုGay လို့သတ်မှတ်တယ်ဆိုရင်တော့ ဒါကခင်များတို့သဘောပါပဲ။ ကျနော့်အတွက်ကတော့ ဝမ်ရိပေါ်ကလွဲဘယ်ယောက်ကျားဘယ်မိန်းမကိုမှစိတ်မဝင်စားတာမို့ ကျနော့်ကိုဘယ်လိုခေါင်းစဥ်တပ်တပ် ဂရုမစိုက်ပါဘူး။

နောက်တစ်ချက်.... ဝမ်ရိပေါ်က ဟွားလီလီရဲ့တူဆိုပေမဲ့ သွေးသားမတော်စပ်ဘူးဆိုတာလဲ အမှန်ပါ။
ကျနော်နဲ့ဟွားလီလီ မကွာရှင်းခင်တစ်နှစ်အလိုမှာဝမ်ရိပေါ်ရောက်လာတာလဲအမှန်ပဲ သို့ပေတည်း အဲ့အချိန်ကတည်းကငြိစွန်းနေတယ်ဆိုတဲ့ အချက်က မဟုတ်မမှန်စွပ်စွဲပြောဆိုချက်ပါ။

အဲ့အချိန်ကဆို ဝမ်ရိပေါ်ကအသက်ပြည့်ခါစကလေးတစ်ယောက်ပဲရှိသေးတယ်။
ဟွားလီလီနဲ့ ကွာရှင်းပြီး သုံးနှစ်လုံး ဘာပက်သက်မူ့မှမရှိအောင် အကင်းဆုံးနေထိုင်ခဲ့တယ်ဆိုတဲ့သက်သေတွေကျနော့်ဘက်က ပြနိုင်တယ်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now