4🍁

2.7K 200 16
                                    

ဆောင်းဝင်စသာရှိသေးလို့ ညဘက်အအေးရှိန်ကသိပ်တော့မရှိသေးပေမဲ့ လေတစ်ဝေ့ တစ်ဝေ့တိုက်ခတ်လာလျင်တော့ အေးစိမ့်စိမ့်လေးခံစားရသည်။

နေလို့ကောင်းတဲ့ဥတုရာသီလို့ဆိုရမယ်။
..................
ရှောင်ကျန့်က မေးလ်အချို့ကိုစစ်နေရင်းလူရိပ်ကြောင့်မော့်ကြည့်လိုက်တော့ ဟွားလီလီ...

အပိုစကားမဆိုချင်တဲ့သူက အမေးသဘောဆောင်တဲ့မျက်ဝန်းနဲ့ကြည့်တော့သူမစကားစလာတယ်။

" လီလီ ပြောစရာလေးရှိလို့ ရှောင်း..."

" အင်း..."

​ခွင့်ပြုလိုက်ရင်း လက်စသတ်မေးလ်ကိုတစ်ချက်စစ်ကာ Laptop ကိုပိတ်ချလိုက်တယ်။

တစ်ဖက်က ပြောစရာရှိတယ်ဟုစကားဦးစထားပြီးသူကလဲနားထောင်ဖို့သဘောတူထားသည်မို့ အလုပ်ဆက်လုပ်လျှင်လူမူ့ရေးမကောင်းရာကျလိမ့်မည်မဟုတ်လား...

" ဒီနေ့ ဝမ်ဝမ်အတွက် ဝယ်လာပေးတာတွေ အရမ်းများလွန်းတယ် ရှောင်းရယ်။ သူ့အခန်းကဗီဒိုနဲ့တောင်မဆန့်ဘူး။ အဲ့လောက်အများကြီး သူဝတ်မကုန် စီးမကုန်ဘူးလေ။ အရမ်းအလိုမလိုက်ပါနဲ့လား..."

အလိုလိုက်တယ်...? သူကလေ ရှောင်ကျန့်ကလေ အဲ့ကလေးကိုအလိုလိုက်တာတဲ့လား...

မဟုတ်ပါဘူး။ သူကဒီတိုင်းအချိန်ပေးရမှာစိုးလို့ အချိန်ကုန်ခံရွေးမနေအောင်ဝယ်ပေးလိုက်ရုံပဲ...

" အလိုလိုက်တာမဟုတ်ဘူး အချိန်ကုန်သက်သာအောင် တွေ့တာဝယ်ပေးလိုက်ရုံပဲ...။"

ပြန်ဖြေတဲ့ရှောင်ကျန့်အသံက ထပ်မမေးဖို့ ပိတ်ဆို့လိုက်သလို မာဆတ်ဆတ်နိုင်လှတယ်။

ဟွားလီလီက ဝမ်ဝမ်အခန်းထဲက စျေးအမြင့်ဆုံး Brand တွေမြင်မိပြီး အချိန်ကုန်သက်သာအောင် တွေ့တာဝယ်ပေးတယ်ဆိုတဲ့ သူမခင်ပွန်းစကားကြောင့် စိတ်ကအတော်အဆင်မပြေတော့ပါ။

ခေါင်းလိမ်းဆီကစလို့ ခြေအိတ်အဆုံး အကောင်းဆုံးတံဆိပ်တွေသာဝယ်ခဲ့ပြီး တွေ့တာဝယ်ပေးသတဲ့လား...
တစ်ကိုယ်ရည်ပစ္စည်းတင်မက ဖုန်းပါ နောက်ဆုံးပေါ်ဝယ်ချလာပေးတဲ့ရှောင်းကအလိုလိုက်တာမဟုတ်ရင်ဘာပါလဲ...

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now