21🍁

2.6K 172 16
                                    

ချစ်ခြင်းတွေဟာ သိပ်ကိုလှပပါတယ်...
အင်း....သင်သာအတ္တကင်းကင်းနဲ့ချစ်တတ်ရင်ပေါ့လေ....
ချစ်ခြင်းတွေထဲအတ္တတွေကပ်ညှိလာတဲ့အခါကျရင်တော့ ချစ်ခြင်းတွေဟာ သိပ်ကိုပူလောင်ရပါသောပဲ....
...........................

"ရိပေါ်...ဒါ ငါပြောပြတဲ့ ငါ့ကိုကြီးလေ...."

"တွေ့ရတာဝမ်းသာပါတယ်ရိပေါ်..."

"ဟုတ်။တွေ့ရတာဝမ်းသာပါတယ်ဗျ။"

နေ့လည် Break time မှာတော့ရိပေါ်ကိုကျိယန်က အပြင်မှာစားရန်ခေါ်လာခဲ့တာဖြစ်တယ်။
ဟိုတစ်ရက်ကတည်းက သူ့အသိအကိုကြီးအကြောင်းပြောပြထားဖူးပြီးနောက်တစ်ခေါက်ကျ လက်ရာသိပ်ကောင်းတဲ့ဒီအကိုကြီးဆိုင်လိုက်ကြွေးမယ်လဲ ပြောထားတာ။

ကျိယန်လိုခပ်ဂျစ်ဂျစ်က သိပ်ခင်ရတဲ့အကိုကြီးရှိတယ်ပြောပြတုန်းက ရိပေါ်ဖြင့်အံ့သြလိုက်ရတာ...

အံ့သြဆိုလဲ သူ့ထက်အများကြီးကြီးတဲ့ သူနဲ့ခင်မင်တယ်ဆိုတာ သိပ်ပြီးသဘာဝမကျဘူးလားလို့လေနော်။
သူဘယ်လိုခင်မင်သွားကြောင်းပြောပြမှရိပေါ်မှာ ရီမိသေး။

အခုတော့ သူ့အသိအကိုကြီးဆိုင်ရောက်လာသလို ရိပေါ်နှင့်မိတ်ဆက်ပေးတော့မှ ဦးရဲ့သူငယ်ချင်းဖြစ်မှန်းသိရတော့တယ်။

" အာ... ဒီကဦးလေးက ဦးရဲ့သူငယ်ချင်းမလားဟင်.."

ရှေ့က ရိပေါ်ဆိုသည့်ကောင်လေးကိုဟောက်ရွမ်းကလဲမှတ်မိနေပါတယ်။
ရှောင်ကျန့်ဇနီးဟောင်းရဲ့တူလေးဝမ်ရိပေါ်။

သူ့အားမေးလာသည့်ကောင်လေးအား ဟောက်ရွမ်းက ပြုံး၍ခေါင်းငြိမ့်ပြလိုက်တယ်။

"ဦးဆိုတာ CEO Xiaoကိုပြောတာလားရိပေါ်။"

ပြူးပြဲစွာမေးလာတဲ့ကျိယန်ကဘာကိုအံ့သြတာပါလိမ့်။
ဦးနဲ့ရိပေါ်ဆွေမျိုးတော်ဖူးတယ်ဆိုတာ ဟိုရှေ့ရက်ကတည်းကပြောပြထားပြီးသားကိုပဲ။

ကျိယန်အမေးကိုခေါင်းငြိမ့်အတည်ပြုပေးတော့ကျိယန်က အံကြိတ်ကာ ဦးရွှမ်းကိုလှည့်ကြည့်လေရဲ့...

"ဆိုတော့ကာ...CEO xiao နဲ့သိပါလျက် ကျနော့်ကိုဖုံးကွယ်ထားတာပေါ့လေ ခင်များက။"

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now