17🍁

2.8K 222 16
                                    

သုံးနှစ်အကြာမှ ပထမဆုံးပြန်ချေချမိတဲ့ ဦးအိမ်ရှေ့တံခါးဝ။

ရိပေါ် ဆရာတော်စီကနေပေကျင်းကိုစတတ်လာခဲ့တုန်းကလိုပဲ ဦးရဲ့ခြံရှေ့တံခါးဝမှာရပ်ကာ အိမ်မကြီးကိုကြည့်ရင်း ရင်ဘတ်ထဲက တဒုတ်ဒုတ်နဲ့ ။

လန့်တာလားရင်ခုန်တာလားမသဲကွဲရသည့်ထိ ရင်ဘတ်ကပေါက်ထွက်မတတ်ကိုခုန်နေတဲ့အခါ ရင်ဘတ်ပေါ်လက်လေးဖိထားရင်းရိပေါ်အသက်ကို ဝ ဝရူူသွင်းလိုက်တယ်။

ခြံရှေ့ရောက်နေတာ ဆယ်မိနစ်လောက်ရှိနေပြီဖြစ်ပေမဲ့ အိမ်ထဲ ဘယ်လိုဝင်သွားရမလဲတွေးနေမိရင်း ရိပေါ်လက်တွေက ဘဲလ်ကိုမနှိပ်နိုင်သေးပါ။

ဘာမှမဖြစ်ဘူးရိပေါ် အလုပ်အတွက်လာတာ...။အခုချိန်မှာ ဦးကရိပေါ်ရဲ့အလုပ်ရှင်။ဒါကိုသေချာသိထားပြီး အခုအိမ်ထဲ ဝင်ရမယ်ဟုတ်ပြီ....

ကိုယ့်ကိုအားပေးရင်းရိပေါ်ခေါင်းလုံးလေးတဆတ်ဆတ်ငြိမ့်ကာ လက်တို့ကိုအားတင်းလို့ ဘဲလ်ကိုနှိပ်လိုက်တော့တယ်....

တံခါးကို လေးချင်ကလာဖွင့်ပေးခဲ့ပြီးရိပေါ်မျက်နှာကိုအကြာကြီးစိုက်ကြည့်နေပြီးမှ သားဝမ်ဝမ်ဟုအံ့သြတကြီးရေရွတ်ကာ ဝမ်းသာအားရ ရိပေါ်လက်ကလေးလာဆုပ်ကိုင်တယ်။

သာရဲ့လားမာရဲ့လား ခနမျှမေးပြီး သခင်ကြီးစောင့်နေတယ်ဆိုကာ အထဲခေါ်ဝင်ပါတယ်။

တစ်ချိန်ကအတိုင်းလေးချင်က ဖော်ရွေဆဲပင်....

" သားဝမ်ဝမ်လေးလား...!!"

"ဟုတ်ပါတယ် ကြီးမေ..."

အိမ်ထဲဝင်လာသည့်ရိပေါ်ကိုတွေ့တော့ ကြီးမေလဲ လေးချင်အတိုင်း အံ့သြစွာနဲ့ ကိုင်ထားသည့်ကြက်မွေးချကာ အနားလာလို့ ရိပေါ်ပါးပြင်အုပ်ကိုင်ကာမေးလာတယ်။

"သားရယ် နေနိုင်လိုက်တာကွယ်။ကြီးမေတို့စီတစ်ခါလေးတောင်ပြန်မလာဘူးကွယ်...။"

ရိပေါ်ကိုဖက်ကာကြီးမေကဝမ်းနဲစွာပြောလာတော့ရိပေါ်မှာ စိတ်မကောင်းဖြစ်သွားခဲ့တယ်။
ဟုတ်ပါရဲ့ သူတစ်ခါလေးမှကြီးမေတို့စီမဆက်သွယ်ခဲ့ဘူးပဲ....

ကြီးမေကြောပြင်လေးကိုအသာပြန်ဖက်ရင်း ရိပေါ်ကကြီးမေကိုနှစ်သိမ့်လိုက်တယ်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now