18

2.9K 207 15
                                    

"ရပြီဗျ CEO။ "

နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက်လည်ပတ်နေရင်း ခုဆိုရိပေါ်အလုပ်ဝင်တာ ဆယ်ရက်ပင်ပြည့်ပြီ။

နေ့စဥ်မနက်တိုင်းလို ဦးရဲ့ဝေယာဝိစ္စတွေနဲ့လဲ ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။

အခုလဲ ဆံပင်သုတ်ပေးပြီးပြီးစီးကြောင်းပြောကာ အဝတ်လဲဖို့ကာကူလိုက်တယ်။

ဒါပြီးရင် ကြီးမေလက်ရာ ဖက်ထုပ်ပူပူလေးသွားစားရမယ်။
ဒီနေ့မနက်စာဖက်ထုပ်ပါတဲ့။ရိပေါ်လေးသိပ်ကြိုက်ပဲ...

"ဟေ့... ဘာတွေတွေးပြီးပြုံးနေတာလဲ ။ကိုယ့်အကျီကြယ်သီးက ပြုံးစရာပါနေလို့လား...."

ကြယ်သီးကိုခပ်မြန်မြန်တပ်နေရင်း ဖက်ထုပ်စီအာရုံရောက်သွားသည်မို့ ပြုံးနေမိသည်ကိုဦးကသတိထားမိစွာမေးလာတဲ့အခါ...

" ကြယ်သီးကမပြုံးရပါဘူးနော်။ ဖက်ထုပ်မြန်မြန်စားချင်နေပြီမို့ပါ..."

ရိပေါ်မကျေမနပ်ဖြေသံကိုဦးက ခေါင်းအသာယမ်းရင်း နာမ်စားတစ်ခုမှည့်ပါတယ်။

"အစားပုတ်လေးပဲ။ သွားတော့အောက်ထပ်မှာစောင့်နေ။"

"ဟုတ်ကဲ့..."

လှစ်ခနဲပါပဲ။ ပြေးထွက်သွားပုံက နောက်ကကျားလိုက်နေသလို ဆင်လိုက်နေသလိုပုံနဲ့။

ဝမ်ဘေဘီတို့များ အစားသောက်ဆိုသွက်လက်နေရော....
ပိန်ပါဦးမယ်အဲ့ပါးဖောင်းတွေက...!

မနိုင်စွာခေါင်းအသာယမ်းမိရင်း ရှောင်ကျန့်သေချာပြန်ပြင်ဆင်လို့သူပါအောက်ထပ်အမြန်ဆင်းရတယ်။

ဘေဘီဗိုက်ဆာနေရင် ဒုက္ခ။
ပြောမဲ့သာရှောင်ကျန့်ကပြောနေတာ ဝမ်ဘေဘီအတွက်ဆို တစ်မိနစ်ပင်နောက်မကျစေရသူ။

ကြီးမေလက်ရာ ဖက်ထုပ်ပေါင်းရှယ်ဆွဲလာခဲ့သည့်ရိပေါ်ကို ရှောင်ကျန့်မှာအစာကြေဆေးပါတိုက်ယူရတယ်။

အများကြီးစားထားတော့ အစာမကြေမှာသူစိုးရိမ်ရပါတယ်။

ရုံးခန်းရှိရာအထပ်သွားဖို့ သီးသန့် Elevator ရှေ့အရောက် ဘေးတစ်ဖက်ကဝန်ထမ်းသုံး Elevator နားမှာရပ်နေသူကိုရိပေါ်သတိထားမိသွားရတယ်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now