20🍁

2.7K 167 15
                                    

" ဘာကိုဆိုလိုတာလဲ သေချာပြော ရိပေါ်..."

ဘယ်တုန်းကမှသူ့စီကနေထွက်မသွားချင်ခဲ့ပါဘူးဆိုတဲ့ ဘေဘီ့ရဲ့စကားကဘာကိုဆိုလိုတာလဲ သေချာပေါက်သိရမှဖြစ်ပါမည်။

ကလေးငယ်ရဲ့ဖက်တွယ်ထားတဲ့လက်တွေကိုအသာယာဆွဲခွာဖယ်ပြီး ထိုင်စေကာ ရှောင်ကျန့်ကမျက်လုံးခြင်းစုံ၍မေးလိုက်တယ်။

"ဟို... ဘာ...ဘာမှမဟုတ်ပါဘူးဦး။ ရိပေါ်အလုပ်လုပ်ပါတော့မယ်။"

ရှောင်ကျန့်အကြည့်တွေကိုရှောင်ဖယ်၍ ကလေးငယ်ဟာစကားလွဲပါတယ်။

" မင်းအခုချိန်အမှန်တိုင်းမပြောရင် ကိုယ်မင်းကိုဘာမှထပ်မေးတော့မှာမဟုတ်ဘူးရိပေါ်။ ထပ်ပြီးလဲ မင်းနဲ့ပက်သက်တော့မှာမဟုတ်ဘူး ဘယ်အခြေနေမှာမဆို။"

ဒီစကားကခြိမ်းခြောက်ရာကျပေမဲ့ ရှောင်ကျန့်မတတ်နိုင်ပါ။ ဒီလိုမှမဟုတ်လျှင် ကလေးငယ်ကဘာစကားမှထွက်လာတော့မည်မဟုတ်။
သူဒီနေ့သေချာပေါက်သိရမှဖြစ်ပါမည်။

ဦးရဲ့စကားကြောင့် ရိပေါ်လန့်သွားရတော့တယ်။ သူ့အမေးအားမဖြေပါလျင် ရိပေါ်ကိုလုံးဝလျစ်လျူရူ့တော့မယ်လို့ဆိုလိုတာမဟုတ်လား...

ဟင့်အင်း....ဦးရဲ့ဥပေက္ခာကိုတော့ဖြင့်ရိပေါ်မလိုချင်တော့ပါ....
အဲ့နေ့ကမြင်ကွင်းက ရိပေါ်အခုထိမျက်လုံးထဲကမထွက်ခဲ့ဘူးခုချိန်ထိ။
ရိပေါ်ရဲ့စကားကြောင့်ဦးကနာနာကြင်ကြင်ကြီးကြောခိုင်းသွားခဲ့တာ...

အဲ့လိုလုံးဝရိပေါ်ထက်မဖြစ်ချင်တော့ပါ။ ဦးထပ်မုန်းသွားမှာ ရိပေါ်သိပ်ကြောက်နေပါပြီ.....

သူ့အမေးစကားကိုပြန်မဖြေလာသေးပဲ ရှောင်ကျန့်မျက်နှာကိုတွေတွေလေးငေးကာ အတွေးလွန်နေပုံရတဲ့ကလေးငယ်ကြောင့် ရှောင်ကျန့်ကပုခုံးကိုကိုင်လူပ်လိုက်တယ်။

" မဖြေဖို့ဆုံးဖြတ်ထားတာလား ဝမ်ရိပေါ်..."

" ဦး...ဒီတောတွင်းရိပေါ်ကိုမုန်းခဲ့လားဟင်..."

အမေးနဲ့အဖြေမကိုက်စွာ ကလေးငယ်ရုတ်တရက်မေးလာတဲ့စကားကြောင့်ရှောင်ကျန့်မှာ တစ်ခနတော့ကြောင်အသွားရတယ်။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now