9🍁

2.7K 182 14
                                    

ရိပေါ် တစ်ကိုယ်လုံးက နွေးထွေးနေတယ်။
ဘာကြောင့်များဒီလောက်နွေးထွေးနေရတာပါလဲ...
နွေးလွန်းလို့ ထတောင်မထချင်တော့ဘူး...

အသိတွေက ကပ်လာပေမဲ့ လေးလံနေတဲ့မျက်ခွံတွေကမဖွင့်နိုင်သေးပါ။

ဒါနဲ့ ခေါင်းကတဆစ်ဆစ်ကိုက်နေသလိုပဲ...
ခေါင်းကိုက်နေသည်ကိုသတိထားမိသွားတဲ့အခါ နားထင်ကိုဖိနှိပ်ရန် လက်မြှောက်ဖို့လုပ်လိုက်တော့ လက်တွေလူပ်မရတာ သိလိုက်တယ်။

ဘာဖြစ်တာလဲ.... ခုမှသတိထားမိတယ် သူ့တစ်ကိုယ်လုံးလူပ်လို့မရတာပဲ...
အကြောတွေသေကုန်တာလား... ဒါမှမဟုတ် လေဖြတ်ပြီလား...

ရိပေါ်အတွေးနဲ့အတူလန့်ဖျန့်ပြီး မျက်ဝန်းတွေကိုဆတ်ခနဲဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်ရတာ ကြယ်သီးသုံးလုံးလောက်ပြုတ်ပြီး ဝင်းဖန့်နေတဲ့ရင်အုပ်ကြီး....

ရိပေါ်မျက်နှာလေးက ထိုရင်အုပ်ထဲ မြှပ်နေပြီး နှာလုံးလုံးလေးကရင်အုပ်နှစ်ခုကြားထိကပ်နေတယ်...

ဘုရားရေ...!! ရိပေါ်အခန်းထဲ ရိပေါ်ခုတင်ပေါ်ထိ ဘယ်သူကရိပေါ်ကိုလာဖက်အိပ်နေရတာပါလဲ...

မရဲတရဲမျက်လုံးတွေကို အပေါ်ပင့်ကြည့်လိုက်တော့ နှစ်ခြိုက်အေးချမ်းစွာအိပ်ပျော်နေပါတဲ့ဦးရဲ့မျက်နှာချောချောကြီးကိုအနီးကပ်မြင်လိုက်ရတဲ့အခါ ရိပေါ်မျက်လုံးက ပြူးကျယ်ဝိုင်းစက်ကုန်တယ်။

ရင်ဘတ်ထဲက ဒုတ်ခနဲမြည်တဲ့အခါ ရင်ဘတ်ပါအောင့်သွားလေရဲ့...
ဘယ်လိုဖြစ်လို့ ရိပေါ်ကဦးနဲ့အတူ ဒီလိုကြီးဖက်အိပ်နေမိတာလဲ....

လူပ်လို့လဲမရ ထလို့လဲမရနဲ့ ရိပေါ်မှာ ကြောင်နန ကလေးဦးမျက်နှာကိုသာကြည့်နေမိတာမှင်သက်စွာ...

သွယ်တန်းနေတဲ့မျက်ခုံးတန်းတန်းတွေ ချွန်မျှမျှနှာတံရိုး... တိကျသေသပ်တဲ့မှေးရိုးနဲ့အတူ ပန်းရောင်သန်းနေတဲ့နူတ်ခမ်းပါးလေး...

ဦးရဲ့ချောမောမူ့ကိုထပ်ဖြည့်စွက်ပေးလိုက်တာကတော့ နူတ်ခမ်းပါးအောက်ကနက်စွေးနေတဲ့မှဲ့စက်ကလေးပဲ...

ဘုရားသခင်က ဦးကိုဖန်ဆင်းတဲ့အချိန် အလှနတ်ဘုရားနတ်သတ်ကြွေပြီး ဝင်စားခဲ့လေသလား...

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now