30🍁

2K 137 11
                                    

ရှောင်ကျန့်ကသိပ်ကိုပါးနပ်တယ်။

သူနဲ့ကလေးငယ်ရဲ့သတင်းတွေထွက်ပေါ်လာပြီး ဖြေရှင်းဖို့လုပ်နေစဥ်မှာပဲ ခရစ်ရှားကစာပို့ဆက်သွယ်လာခဲ့တယ်။

ကျန့်ကောအဆင်ပြေရဲ့လားတဲ့....

ဒါကလဲအထူးဆန်းပဲ ။သူမနဲ့ရှောင်ကျန့်ကတစ်ယောက်နဲ့တစ်ယောက်ဖုန်းဆက်စာပို့ရလောက်တဲ့ထိရင်းနှီးတဲ့မိတ်ဆွေတွေမှမဟုတ်တာ...

ပုံမှန်တောင် သူမကရှောင်ကျန့်ကိုတိုက်ရိုက်ဆက်သွယ်ရဲတာမဟုတ်ဘူး။အခုလို အဆင်ပြေလားမေးရလောက်အောင် သူမနဲ့ဘာများသက်ဆိုင်နေလို့လဲ...

ဒီအချက်ကအတော်လေးစိတ်ကသိကအောက်ဖြစ်စရာကောင်းနေတာကြောင့် စိတ်အာရုံအရ ခရစ်ရှားဒီရက်ပိုင်းအတွင်းဘာတွေလုပ်ဖြစ်ခဲ့သလဲ စုံစမ်းခိုင်းလိုက်တာ...

ပြန်သိလိုက်ရတာတွေက အတော်လေးစက်စုပ်စရာကောင်းပါရဲ့....

ရိပေါ်ကိုခေါ်တွေ့ပြီးပြောဆိုထားတဲ့ CCTV record ကို ချောင်ကအရယူလာနိုင်ပေးတယ်။
နောက်တစ်ချက်လဲ အဲ့သလိုပဲ ဟွားအဘိုးကြီးနဲ့သူမတွေ့ခဲ့တဲ့အကြောင်းရောပဲပေါ့။

သူမကအတော်လေးတုံးပါတယ် ဟွားအဘိုးကြီးကိုရော ရိပေါ်ကိုပါအဲ့ကော်ဖီဆိုင်မှာပဲချိန်းဆိုခဲ့တာ။
အဲ့တော့မှတ်တမ်းရဖို့ကသိပ်ကိုလွယ်ရော.....

Tero ဆိုတဲ့သူမအဆက်ဟောင်းနဲ့ကိစ္စကိုတော့ စုန့်ကျိယန်နဲ့ဟောက်ရွှမ်းပေါင်းပြီး ဂဎနဏ ကိုအသေးစိတ်ရအောင်ဖန်တီးလာပေးခဲ့တာ....

ကလေးငယ်ကသူငယ်ချင်းရတာသိပ်ကိုကံကောင်းပါရဲ့....

စုန့်အိမ်ရဲ့ကျောထောက်နောက်ခံနဲ့စုန့်ကျိယန်ကလဲအပြင်းစားမွေဟောက်ကလေးပဲ....

ဒီကိစ္စကြောင့် ရှောင်ကျန့်ရဲ့ Company ထိခိုက်လာနိုင်တယ်ဆိုပြီး မိဘတွေကစိတ်ပူကြောင်းခေါ်ပြောသေးတယ်။

ပါးကတော့ ရှောင်ကျန့်ကိုယုံကြည်မူ့အပြည့်ဝပေးပြီး အကောင်းဆုံးဖြေရှင်းပါလို့ဆိုခဲ့တယ်။
ဒါကတော့ ရှောင်ကျန့်ဘယ်လောက်လုပ်နိုင်စွမ်းရှိသလဲ ပါးကသိထားတာကိုး။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now