16🍁

2.8K 237 33
                                    

X Group ရဲ့ ပင်မရုုံးချုပ်....။

X ဆိုလိုက်တာနဲ့ မသိတဲ့သူမရှိအောင်ကျော်ကြားလှပြီး နိုင်ငံအတော်အများမှာ ရုံးခွဲပေါင်းများစွာရှိတယ်။

အဓိက ဖြစ်တဲ့ပေကျင်းမြို့လယ်ခေါင်က ခမ်းနားထယ်ဝါလှတဲ့ ဆယ်ထပ်နှင့်အထက်ရှိတဲ့ရုံးချုပ်ကြီး။

X ဆိုတဲ့စကားလုံးက ရွှေရောင်ဖောင်းကြွဖြင့်ထုဆစ်ထားပြီး အထဲမဆိုသာသေးနှင့် အပြင်ပန်းကကြည့်လျှင်တောင်မျက်စိကျိန်းလောက်စွာ ခမ်းနားထည်ဝါလှတယ်။

လူတိုင်းရဲ့စိတ်ကူးစိတ်သန်းအတော်အများက X မှာတစ်နေရဖို့ထိ X က အရမ်းအားကျစရာ။

အလုပ်ခေါ်စာက များသောအားဖြင့်ပေကျင်း ရဲ့ အမြင့်မားဆုံး X Share အများဆုံးပါဝင်သည့်ကျောင်းက စီးပွားရေး၊ Design ၊ စသည့်မေဂျာထဲက အခေါ်ကအဓိက ဖြစ်တယ်။

အခြားမြို့နယ်က ကျောင်းဆင်းတွေဆိုလျှင်တော့ရုံးခွဲတွေမှာသာခေါ်ယူတာဖြစ်ပြီး အဓိက ကပေကျင်းကျောင်းဆင်းတွေသာX မှာလျှောက်ထားခွင့်ရှိတာပင်။

တီတီ့ရဲ့ ဆန္ဒအရ X မှာဝင်စေချင်တယ်ဆိုတဲ့စကားမှာရိပေါ်မဝံ့ရဲစိတ်ကအများအပြားပဲ....

ဆုံနိုင်ခြေအရမ်းနဲတယ်လို့တွက်စထားခဲ့တာ အခုတော့ဦးရဲ့ရုံးခွဲတောင်မဟုတ်ပဲ ဦးရုံးထိုင်တဲ့ X မှာလျှောက်စေချင်သည့်အခါ ရိပေါ်ကြောက်စိတ်ရောစိတ်လူပ်ရှားတာရောပေါင်းလို့ပူထူနေတာပါပဲ.....

ပေကျင်းကျောင်းဆင်းမဟုတ်သည့်အတွက် အလုပ်ရဖို့မသေချာပါဘူးလေဆိုသည့်စိတ်အပြင်တီတီ့ဆန္ဒကိုမငြင်းပယ်ရက်တဲ့ရိပေါ်က X မှာလျှောက်လွှာတင်ခဲ့တာ...

ကံကောင်းတာပဲလားမသိ ရိပေါ်လျှောက်လွှာကရွေးခံရတဲ့ထဲပါပြီး ယနေ့ Interview အတွက် X ရှေ့ရောက်ခဲ့ပြီ။

Interview ပြီးမှ အလုပ်ရမရသိရမှာမို့ မျှော်လင့်ချက်သိပ်မရှိပေမဲ့လဲ ကြိုးစားအားတင်းပြီးအကောင်းဆုံးလုပ်ရန်တော့တွေးထားတာပဲ...

စီးပွားရေးကျောင်းဆင်းမို့ Marketing ဘက်လျှောက်ထားတယ်။

Marketing ပိုင်းမို့ တစ်ရုံးထဲပေမဲ့လဲ ဦးလိုအထက်အရာရှိနဲ့တွေ့ရဖို့အရမ်းရှားတယ်မဟုတ်လား...

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now