25🍁

2K 167 12
                                    

" ပါးက သားကိုဘာမှမချုပ်ခြယ်ခဲ့ပဲ အလိုလိုက်ပေးခဲ့တာ ဒီလိုသွေဖီသွားဖို့မဟုတ်ဘူးသား။ ရှောင်းမျိုးဆက်တစ်ခုလုံးရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့သားက ဒီလိုလုပ်လိုက်လို့မရဘူး..."

ရှောင်းမိဘတွေရဲ့ အိမ်မှာဖြစ်တယ်။
ရှောင်ကျန့်ကိုပါးကလာတွေ့ဖို့ ခေါ်လို့ရောက်လာခဲ့ရတာ...

ဒီကိစ္စအတွက်ခေါ်ယူမှန်းရှောင်ကျန့်သိနှင့်ပြီးသား။
လောလောလတ်လတ်မို့မိဘတွေကလက်ခံဖို့ခက်ခဲမှန်းရှောင်ကျန့်သိပေမဲ့ လက်ခံပေးဖို့လဲသူအစွမ်းကုန်လုပ်သွားမှာ....

တိတ်ဆိတ်တဲ့စာကြည့်ခန်းထဲရှောင်ပါးရဲ့သက်ပြင်းချသံကလေးလေးပင်ပင်...

သူ့ရှေ့မလူပ်မယှက်မျက်နှာသေနဲ့ထိုင်နေသည့်သားဖြစ်သူကိုကြည့်ကာ ဖျောင့်ဖျဖို့မလွယ်တာလဲသိပါရဲ့...

"ကျနော် အမှားကျူးလွန်တာမှမဟုတ်ပဲပါး။ လူနှစ်ယောက်ချစ်ကြတာ အမှားတစ်ခုမဟုတ်ပါဘူး။ "

ဒါက အတိအလင်းဝန်ခံလိုက်ပြီဖြစ်တယ်။
ပွပွထနေတဲ့သတင်းတွေကို မီဒီယာတွေမှာမကြေညာခင်မိဘစီမှာအတိအလင်းအရင်ဝန်ခံတာက မိဘဘက်က လက်ခံသဘောတူလျှင် နောက်ကြောင်းတွေကထည့်တွက်စရာမလိုတော့။

သူ့ကလေးငယ်ကို ရဲရဲဝင့်ဝင့်နဲ့ သူ့မိဘအိမ် ခေါင်းမော့်ရင်ကော့ကာ တင့်တင့်တယ်တယ် ဝင်ရောက်စေချင်တာပင်...
ကျန်တဲ့ပတ်ဝန်းကျင်က စောက်ဂရုကို စိုက်စရာမလိုတာ....
ရှောင်ကျန့်စကားကြောင့် ရှောင်ပါးက ထောက်ခံသလိုခေါင်းတစ်ချက် ငြိမ့်ပြတယ်။

" လူနှစ်ယောက်ချစ့်ကတာအမှားမဟုတ်ဘူးဆိုတာ မှန်တယ်။ ဒါဟာ သမားရိုးကျ ဖို/မနှစ်ဦးဆို ပါးကပြောနေမှာမဟုတ်ဘူးရှောင်ကျန့်။ ယောက်ကျားလေးနှစ်ယောက်ဆိုတာ ဘယ်လောက်လူတွေပြောစရာထြစ်မလဲ။မင်းကသာမန်လူမဟုတ်ဘူး ရှောင်းရဲ့တစ်ခုလုံးကမင်းလက်ထဲမှာ။ ဒါက မင်းကိုထိုးချချင်နေတဲ့သူတွေအတွက် လမ်းစ။"

"အချစ်မှာ ယောက်ကျားကမိန်းမကိုပဲချစ်ရမယ်လို့ပဲသတ်မှတ်ထားတာမှမဟုတ်တာပါး။ လူတွေပြောကြမယ်...? ဘယ်သူပြောပြော ကျနော်ဂရုမစိုက်ဘူးပါး။ ကျနော်ရွေးချယ်တာ ကျနော်ချစ်မြတ်နိုးတဲ့သူ ပြောဆိုနေကြမဲ့ အဲ့လူတွေမဟုတ်ဘူး။ လူတွေဆိုတာ ဘာမှမလုပ်ပဲထိုင်နေရုံလဲ ပြောဆိုနေကြမှာပဲ ကျနော့်အတွက်အရေးမပါဘူး။
ရှောင်းရဲ့စီးပွားအတွက်လဲစိတ်မပူပါနဲ့ ဒီကိစ္စကြောင့်အလုပ်တွေမထိခိုက်အောင် ကျနော်ကသက်သေပြပါ့မယ်။ကျနော့်ကို ဘယ်သူမှမထိခိုက်ရဲဘူးဆိုတာ ပါး ယုံ။"

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now