ကြီးကျယ်ခန်းနားလှတဲ့ ခြံဝန်းတံခါးမြင့်ကြီးကိုမော့်ကြည့်ရင်း ခြံရှေ့ခြေစုံရပ်နေတဲ့ သူက အလိုလို ကြောက်လာမိတယ်။
ဒီလို ချမ်းသာကြွယ်ဝတဲ့ အိမ်ကြီးထံသို့ သူ့လိုလူက ဝင် ရောက်ဖို့ရာ သိပ်ကိုသိမ်ငယ်ကြောက်ရွံ့ရတာပါပဲ...
လက်ထဲက စာအိတ္ကေလးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း နှာဝကနေ လေအပြည့်ရူူသွင်းကာ အားယူလိုက်တော့ စိတ်အနဲငယ်လေးမျှပေါ့ပါးသွားရသလိုပဲ။
ရပ်ကြည့်ကာ လူခေါ်ဘဲလ်လေးနှိပ်ဖို့မဝံ့ရဲတဲ့သူက နေပူကျဲတဲထဲ ရပ်နေမိတာ နာရီဝက်ခန့်မျှလောက်တော့ရှိလောက်ပြီ....
အသက္ကို ဝဝ ရူူ လွယ်ထားတဲ့ကျောပိုးအိတ်ကြိုးကလေးကို ဆုပ်ကိုင်လို့ တုန်ယင်နေသည့်လက်တွေက လူခေါ်ဘဲလ်လေးကို မဝံ့မရဲနဲ့ ထိနှိပ်လိုက်မိတဲ့အခါ နှလုံးခုန်သံတွေက တဒုန်းဒုန်း ပဲ့တင်ထပ်ကုန်တယ်....
ဘဲလ်နှိပ်ပြီးတဲ့အခါ ချွေးစေးတွေပျံနေသည့်လက်ကလေးအာ ခပ်နွမ်းနွမ်း အကျီခါးစလေးနဲ့ ပွတ်သုတ်လို့ စိတ်လူပ်ရှားစွာ နူတ်ခမ်းလေးကိုသာ ခနခနသပ်နေမိတော့တယ်။
ဟူး....စိတ်တွေလူပ်ရှားပြီး ကြောက်စရာကောင်းလိုက်တာ....!
" ဘယ်သူနဲ့တွေ့ချင်လို့လဲ...!"
သူ့ပုံစံခပ်နွမ်းနွမ်းကိုကြည့်ကာ ခြံစောင့်ဟုထင်ရတဲ့ ဦးလေးကြီးက မျက်မှောင်တွန့်ချိုးလျက်မေးလာတာကြောင့် နဂိုကြောက်စိတ်လေးက အရှိန်တွေပိုတိုးကြောက်နေရပြီ...
"ဟို... အန်...အန္တီဟြားလီလီ နဲ့တွေ့ချင်လို့ပါခင်မျ...။ ချူဟွာ ရွာကဆရာတော်လွတ်လိုက်တာပါ။"
"ဟေ...!!"
အထစ်ထစ်ငေါ့ငေါ့ နဲ့သူ့စကားသံကြားတော့ ဦးလေးကြီးကတအံ့တသြကြည့်လာတယ်။
ထို့နောက် သူ့အားခေါင်းစခြေဆုံးတစ်ခါထပ်ကြည့်လို့ ခနစောင့်ဆိုကာ ခြံတံခါးနဲ့ အနဲငယ်လှမ်းတဲ့ ကြီးမားလှတဲ့အိမ်ကြီးထဲ ခပ်သွက်သွက်ဝင်သွားတော့တယ်။
ရပ်စောင့်ကျန်နေခဲ့တဲ့သူ့မှာသာ စိတ်တွေထွေလို့ ဒူးပါတုန်ယင်ချင်နေလေပြီ....
YOU ARE READING
ဦးရဲ့ နှလုံးသားငယ်(Complete)
Fanficဦးနဲ့စခဲ့တဲ့အချစ်တွေဟာ သံသရာအဆက်ဆက် မြဲနေဦးမှာပါ.... Baby က ဦးအတွက် လွတ်လမ်းမရှိတဲ့ ထောင်ချောက်ငယ်....