5🍁

2.8K 206 22
                                    

လူတွေဟာ သိပ်ခက်ကြတယ်။
မလိုမုန်းတီးစိတ်နဲ့ မဖြစ်သင့်တဲ့အရာတွေကို ဖြစ်လာအောင် ဝေဖန်ပြောဆိုရင်းတွန်းအားပေးကြတယ်။

ပတ်ဝန်းကျင်ဆိုတာကိုလျစ်လျူရူ့လို့မရပေမဲ့ တစ်ခါတစ်လေမှာတော့ သူ့တို့ဟာ နတ်ဆိုးလိုပဲ....
....................

ကျောင်းတွေဖွင့်တော့မှာဖြစ်တယ်။
ဝမ်ဝမ်ကို ဆရာတော်ပေကျင်းလွတ်တဲ့အဓိက ရည်ရွယ်ချက်ဟာလဲ ကျောင်းဆက်တတ်နိုင်ဖို့အတွက်ပါပဲ....

ပထမနှစ်တတ်ဖို့ အန်တီကိုယ်တိုင်ဝမ်ဝမ့်ကိုကျောင်းလိုက်အပ်ပေးတယ်။
တစ်ပါတ်အတွင်းမှာပဲ ဝမ်ဝမ်ကပထမနှစ်စတတ်ရတော့မှာ...

ကျောင်းတတ်ဖို့လိုအပ်တာမှန်သမျှ အန်တီနဲ့ဦးကဖြည့်စည်းပေးပါတယ်။
ဝမ်ဝမ့်ဘဝမှာအလေးထားဂရုစိုက်ပေးခဲ့သူဟာ ဆရာတော်ကလွဲမရှိဖူးခဲ့သည့်အတွက် ယခုအခါ အန်တီနဲ့ဦးဟာ ရိပေါ်ဘဝတွက်တော့အဖိုးဖြတ်မရတဲ့လူသားတွေပဲ။

ကျေးဇူးရှင် တစ်ဖြစ်လဲ ကယ်တင်ရှင် လမ်းပြပေးတဲ့ ဦးထိပ်ပန်ဆင်ရမဲ့ ဆရာကောင်းသမားတွေပါပဲ....

ခုဆို ဦးနဲ့လဲ အတော်သင့်ရင်းနှီးနေပြီဖြစ်ပြီး အရင်ကလောက်ဦးကို သိပ်မကြောက်တော့ပေ။
အန်တီကတော့လိုတာထက်ပိုမပြောပေမဲ့ ရိပေါ်အပေါ်လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးတတ်တယ်။

တစ်ခါတစ်လေမှာ ရိပေါ်အားနာရတဲ့ထိပဲ။

ရိပေါ်ဒီအိမ်မှာလုပ်ရတာကနဲနဲ လက်ခံနေရတာကများများဖြစ်နေတယ်လေ။

ဒါကြောင့်ရိပေါ်ကလဲ အလိုက်သတိနဲ့ အိမ်မှာနေစဥ်ရှိတဲ့အလုပ်ရှာလုပ်တယ်။
ဘာမှလုပ်စရာမရှိတော့ရင် ခြံထဲကပန်းပင်တွေနားသာရေလောင်းပေါင်းသင်နဲ့ အလုပ်နဲ့လက်မပြတ်အောင်အလိုက်သတိနေလိုက်တာပဲ..

ခုလဲ နှင်းဆီအိုးတွေအား အားဆေးထည့်ပြီးရေဆာလာတာကြောင့် မီးဖိုခန်းဘက်ဝင်ကာ ရေခဲသေတ္တာထဲက ရေဘူးတစ်ဗူးထုတ်သောက်လိုက်တယ်...

" ရုပ်ကလေးကြည့်တော့သနားကမားနဲ့ အသက်ရွယ်လေးနဲ့မှမလိုက်ဟယ် မတန်ရာပစ်မှားနေတာ..."

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now