28🍁

2.2K 136 9
                                    

"ဟူးးးး ရောက်ပြီဦး။"

မွေ့ယာထက်ဦးကိုကန့်လန့်ဖြတ်လဲချပေးကာ ရိပေါ် အမောဖြေလိုက်တယ်။
အိမ်ပေါက်ကနေအပေါ်ထပ်ဦးအခန်းထိတွဲတတ်လာပေးပြီးရိ​​ပေါ်မောသွားလေပြီ။

လေးချင်တွဲကူပေးမယ်ဆိုလဲလက်မခံတဲ့ဦးကြောင့်ရိပေါ်သာမနိုင်မနင်းတွဲတတ်လာရတာ...
ဦးက မျှော့ကလေးလိုရိပေါ်ကိုကပ်တွယ်မှီထားတာ အခန်းထဲရောက်တဲ့ထိပဲ....

အမောခနဖြေကာ ဦးရဲ့ဖိနပ်နဲ့ခြေအိတ်တွေချွတ်ပေး နက်ခ်တိုင် ဆွဲဖြည်ပေးပြီး....
" ဦး... လန်းသွားအောင်ရေလေးချိုးလိုက်နော် ရိပေါ်ရေစပ်ပေးမယ်လေ။"

ဦးရဲ့မျက်ဝန်းတွေက ရီဝေဝေဖွင့်ကြည့်လာတယ်။
ရိပေါ်ကနက်ခ်တိုင်ဖြေလက်စနဲ့ဦးမျက်နှာအနားတိုးကပ်ပြောနေတာကြောင့် ဦးမျက်နှာနဲ့ ထိစပ်လုနေပြီ။

" အင့်... ဦး!!"

ရိပ်ခနဲလူပ်ရှားမူ့ကမြန်ဆန်လွန်းတယ်။

ခုတင်ကန့်လန့်ဖြတ်လဲနေတဲ့ဦးဘေးဒူးလေးတစ်ဖက်မွေ့ယာပေါ်ထောက်လို့ ကုန်းကုန်းလေးဖြစ်နေတဲ့ရိပေါ်အား ဆွဲလှဲချလိုက်ပုံက ဖျတ်ခနဲပင်...

အလန့်တကြားလေးရိပေါ်အပေါ်အုပ်မိုးလျက်သားဖြစ်နေတဲ့ဦးကို ကြည့်တော့ မျက်သားတွေအနဲငယ်ရဲနေပြီး ပါးတွေလဲအရှက်ရှိန်ကြောင့်ပန်းရောင်သမ်းနေလေတာ ဘယ်လိုရုပ်ကလေးမှန်းကိုမသိ။
ခပ်တည်တည်အေးစက်စက်ဦးရဲ့မူလရုပ်သွင်နဲ့ဘာမှမဆိုင်။

"ရွှတ်...! မွေးလိုက်တာကွာ...ကိုယ့်ရဲ့အမွှေးလုံးလေး...။"

ရိပေါ်ရဲ့ပါးဖောင်းလေးတွေကို တရွှတ်ရွှတ်မြည်အောင်ဘယ်ပြန်ညာပြန်နမ်းရိူက်နေတာကြောင့် ရိပေါ်မှာတစ်ကိုယ်လုံးရှိန်းတတ်လာတယ်။

"အင့်...ခန...ခနလေးဦး...။ အင့်... ရေ...ရေချိုးတော့လို့"

အနေထားက ရိပေါ်အတွက် ဖိန်းရှိန်းလာတာကြောင့် ခနခနနမ်းနေသည့်ဦးရဲ့ပုခုံးတွေကိုအသာတွန်းကာ ပြောလေတော့ ရိပေါ်ပါးပေါ်ကအနမ်းတွေဟာ လည်ပင်းသားစီနစ်မြှပ်လာတယ်။

ဘုရားရေ....!ဒါ ဘယ်လိုခံစားချက်ကြီးလဲ...

ရိပေါ်သွေးတွေပူလိုက်အေးလိုက်ဖြစ်လာပြီး ရင်ဘတ်ထဲဗလာင်ဆူနေခဲ့ပြီ။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now