34🍁

2.7K 143 15
                                    

"ညနေ ၅ခွဲ F&F fashion မှာ ဝတ်စုံသွားယူကြလိမ့်မယ်။ သီးသန့်ဆန်ပြီး ဆိုင်ရှေ့လမ်းမက အကျယ်ကြီးမို့ အဆင်ပြေတယ်။ တိုက်ပြီး မောင်းပြေးဖို့ လမ်းရူပ်မှာလုံးဝစိုးရိမ်စရာမလိုဘူး......"

ရှင်းဟန်ရဲ့စကားနားထောင်ပြီးရှင်းမီမျက်လုံးထဲ မင်ဂလာစုံဝတ်စုံစမ်းဝတ်ပြီး အသုဘကျင်းပနေရမဲ့ဝမ်ရိပေါ်ရဲ့ပုံစံမျက်လုံးထဲ မြင်ယောင်လာတယ်။

ကျေနပ်တယ်....သိပ်ကိုကျေနပ်စရာပဲ....

သိပ်ပြီးမုန်းစရာကောင်းတဲ့ဝမ်ရိပေါ်သွေးသံတရဲရဲနဲ့သေပွဲဆင်နွဲရမှာကို သူမသိပ်မြင်ချင်တာပဲ....

" ငါပါလိုက်မယ်....!"

"ဘာလို့လဲ... ကျဲကအေးဆေးနေပါ။ငါကိစ္စအမြန်ဖြတ်ပြီးပြန်လာခဲ့မှာမို့...."

" ဟင့်အင်း... ငါပါလိုက်ချင်တာ...။ ငါ့မျက်စိနဲ့ အဲ့ကောင်စုတ်မချိမဆန့်သေရမှာကိုကြည့်ချင်တာ...."

ဆေးလိပ်မီးပြာကိုတောက်ချလိုက်ပြီး သူမကတစ်ရိူက်ဖွာကာ မျက်ဝန်းတွေကကောက်ကျစ်မူ့အပြည့်အပြင် နူတ်ခမ်းတွေကိုပါမဲ့ချလိုက်သေးတယ်။

သိပ်ကိုနာကြည်း​ပြီးမနာလိုမရူ့စိမ့်ဖြစ်နေတဲ့သွင်ပြင်နဲ့ပေါ့....

စိတ်အားထက်သန်နေတဲ့ကျဲကြောင့်ရှင်းဟန်မတားတော့ပဲ ကျဲကိုပါအတူခေါ်သွားဖို့ဆုံးဖြတ်လိုက်တော့တယ်။

ဝမ်ရိပေါ်.... အဲ့ကောင်ကိုသူလဲသိပ်မုန်းတာပေါ့...
ကျောင်းမှာ သူဌေးသားအားကိုးနဲ့သူ့ကိုအရှက်ကွဲစေခဲ့တာယနေ့ထိသူမမေ့သေးပေ....

ဒီနေ့တော့ကျဲရောသူရောအကြွေးဆပ်ရတာပေါ့...အဲ့ဝမ်ရိပေါ်ကို....

လိုင်စင်အတုနဲ့ကားပေါ်ကောက်ကျစ်တဲ့မောင်နှမနှစ်ယောက်က တစ်ဖက်စီဝင်ထိုင်ကာ F&F ကိုမောင်းနှင်သွားတယ်....

ကားလိုင်စင်အတုကလဲလိုရမယ်ရပေါ့။ ချို့ယွင်းချက်တစ်ခုခုရှိခဲ့ရင်လဲ လိုင်စင်ကအတုဆိုတော့စုံစမ်းရေးလုံးဝခက်ခဲနေအောင်လေ...

သို့ပေမဲ့လဲသိပ်တော့မပူပေါင်...ကိစ္စပြီးရင်ဒီကားက သံရည်ကျိုစက်ထဲရောက်မှာပဲလေ...အဟက်....!

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now