11🍁

2.7K 200 9
                                    

" အင့်...!!"

အခန်းတံခါးကို အကြမ်းအတမ်းဖွင့်ပြီး ခြေထောက်နဲ့နောက်ပြန် ကန်ပိတ်လိုက်သံက ဂျိန်းခနဲပင်...

တစ်ဆက်တည်း ရှောင်ကျန့်က ဆွဲကိုင်ထားတဲ့လက်မောင်းကနေ ဝမ်ဝမ်အား အားနဲ့အိပ်ယာထက်လွဲတွန်းချလိုက်တာမို့ ဝမ်ဝမ့်ခမျာ မွေ့ယာထက်အင့်ခနဲ ပစ်လဲကျသွားတယ်။

ရှောင်းကျန့်ရဲ့ပုံစံကြောင့်ရိပေါ်မှာ လန့်ဖျန့်ကာ အိပ်ယာထက်ကနေကမန်းကတမ်းလေး ငုတ်တုပ်ထ ထိုင်လိုက်ရတယ်။

" ပြောစမ်း... ဘယ်ကပြန်လာတာလဲဆိုတာ။ ဒီချိန်ထိ စာလုပ်နေခဲ့တာလို့ငါ့ကိုဆင်ခြေမပေးနဲ့။ မင်းတစ်နေ့လုံး စာလုပ်နေခဲ့တာမဟုတ်မှန်းငါသိထားပြီးပြီမို့ လိမ်ညာမယ်မကြံနဲ့ ။"

ဦးစကားကြောင့် ရိပေါ်ရင်ထဲထိတ်ခနဲပင်။

စာလုပ်နေတာမဟုတ်မှန်းသိပြီးပြီဆိုတော့ ရိပေါ်ဘယ်ရောက်နေမှန်းဦးသိတဲ့သဘောပေါ့။

ရိပေါ်က ကြောက်လန့်ပြီး ဦးမျက်နှာကိုမရဲတရဲလေးမော့်ကြည့်လိုက်တယ်။

ဦးက ရိပေါ်ရှေ့တည့်တည့်မှာရပ်နေပြီး ခါးထောက်လျက်အသက်ကိုပြင်းပြင်ရူူသွင်းနေလေရဲ့...

ဒေါသတွေကိုမျိုချနေတဲ့ပုံပေမဲ့ ဦးမျက်နှာကအရမ်းစိတ်တိုနေမှန်းသိသာပါတယ်။

"ဟို... ဝမ်...ဝမ်ဝမ် သူ...သူငယ်ချင်းနဲ့..."

ရိပေါ်စကားတွေကရှေ့ဆက်မလာခဲ့ပေ။
ဦးကိုဘယ်လိုဆင်ခြေပေးရမယ်မှန်းလဲမတွေးတတ်တော့ဘူး။

ဦး ကရိပေါ်ဘယ်ရောက်နေမှန်းဘယ်လိုသိတာလဲလို့လဲ ပြန်မမေးရဲဘူး။

"ဆက်ပြောလေ... ဘာလို့ရပ်သွားတာလဲ။ ခုမှသိပ်ကြောက်ပြမနေနဲ့။ မင်းအန်တီကိုတောင်ညာပြီး လည်ပတ်တုန်းက ခုလိုငါပြန်သိမှာမကြောက်ခဲ့ဘူးလားဟမ်..!! လိမ်တာကို ဘယ်နားကတတ်လာခဲ့သလဲ...။ ပြောလေ....!!"

ဦးက တစ်ခါမှရိပေါ်အပေါ်အော်ဟစ်ပြီးခုလိုစိတ်မဆိုးဖူးတာကြောင့် ပထမဆုံးရိပေါ်ကြုံတွေ့ရတဲ့အခါ အရမ်းဝမ်းနဲလာရတယ်။

ဦးကိုကြောက်လဲအရမ်းကြောက်တယ်။

ဘယ်သူကရော လိမ်ညာချင်မှာတဲ့လဲ။ မဖြစ်မနေ လိုအပ်လို့သာလိမ်ညာရတာလေ။

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now