15🍁

2.8K 204 22
                                    

"ဝမ်ဝမ်... တီတီက ပြောစရာရှိတယ်။ အင်း....ပြောစရာဆိုတာထက် တောင်းဆိုစရာဆိုပိုမှန်ပါမယ်..."

တီတီ့အသံက ခပ်လေးလေးမို့ ရိပေါ်ကတီတီပြောလာမဲ့စကားကိုသေချာအာရုံစိုက်တယ်။
တီတီဘာကိုပဲတောင်းဆိုပါစေ ရိပေါ်လုပ်ပေးနိုင်သမျှလုပ်ပေးဖို့ ပြင်ဆင်ထားပါတယ်။

တီတီက ရိပေါ်ဘဝရဲ့ကျေးဇူးရှင်ဖြစ်သလို ရိပေါ်အပေါ်မိခင်လိုအဒေါ်လိုအမလိုစောင့်ရှောက်ကြွေးမွေးပေးခဲ့တဲ့ တစ်ဦးတည်းသေးမိသားစုဝင်လဲဖြစ်ပါသေးတယ်။

" တီတီတို့ ပေကျင်းကိုပြန်ရလိမ့်မယ်။ ရှန်ဟိုင်းမှာပဲ အမြဲနေဖို့တော့မဖြစ်တော့ဘူးဝမ်ဝမ်။ နောက်ပြီး ဝမ်ဝမ်ဘွဲ့လဲရပြီဆိုတော့ လုပ်ငန်းခွင်လဲဝင်စေချင်ပြီ။"

" တီတီအဆင်ပြေသလိုလုပ်ပါ ဝမ်ဝမ်ကတီတီ့သဘောပါပဲ...။ ဒါပေမဲ့လေ တီတီ အဆင်ပြေပါ့မလားဟင်..."

သူမစကားကိုဘယ်တော့ခါမှမပယ်ရှားခဲ့ဖူးတဲ့ကလေးငယ်ကြောင့် ဟွားလီလီက သဘောတကျပြုံးမိတယ်။

" သုံးနှစ်တောင်ရှိနေပြီပဲ ဘာအဆင်မပြေစရာရှိလို့လဲ...။ ဘာမှတွေးမပူပါနဲ့ကွ မင်းတီတီက သန်မာတယ်ဆိုတာသိတယ်မလား...."

ခပ်နှောက်နှောက်ကလေးဆိုလာတဲ့တီတီ့ကြောင့် ရိပေါ်ပါလိုက်ပြုံးမိတယ်။

ဟုတ်တာပေါ့ တီတီကသန်မာတဲ့အမျိုးသမီးပါ။
ရိပေါ်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ရိပေါ်ရဲ့သူရဲကောင်း...။

" တစ်ပါတ်အတွင်း တို့တူအရီး ပေကျင်းပြောင်းရမယ်။ နောက်တစ်ခုက ဝမ်ဝမ့်အလုပ်တွက် ပေကျင်းမှာပိုအဆင်ပြေမလားလို့လေ။"

"ဟုတ်... ဝမ်ဝမ်ဘက်က အဆင်ပြေပါတယ်။"

"ကောင်းပြီ ဒါဆိုပြင်ဆင်ထားတော့နော် ဝမ်ဝမ်။"

နှစ်ယောက်တည်းရဲ့စကားဝိုင်းကအဆုံးသတ်သွားလေပြီ။

ရိပေါ်က အပေါ်ထပ်အခန်းရှိရာ ခပ်သွက်သွက်တတ်ခဲ့ပြီး တံခါးလောခ့်ချပြီးသည်နှင့် အိပ်ယာပေါ်မှောက်ချလိုက်တော့တယ်။

ပေကျင်းကိုပြန်ရတော့မယ်....
တွေ့ဆုံနိုင်ချေအရမ်းနဲပေမဲ့ အကယ်၍များဆိုတဲ့အတွေးလေးနဲ့ ဦးကိုတွေ့ခွင့်ရလောက်နိုင်မလား..

ဦးရဲ့ နှလုံးသားငယ်(Complete) Where stories live. Discover now